WHO က ထုတ်ပြန်ထား တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကာကွယ်နိုင်မည့် အကောင်းဆုံးနည်းလမ်း (၆)ခု…

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အကြံပြုထုတ်ပြန်ထားတဲ့ (Covid-19) ခေါ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းကနေ ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်း (၆)ခုကို ဖော်ပြလိုက်ပါသည်။

၁။ အပြင်ကို သွားပြီးတဲ့အခါတိုင်း လက်ကိုစင်ကြယ်အောင် ဆပ်ပြာနဲ့ဖြစ်ဖြစ်၊ အရက်ပျံဓာတ်ပါတဲ့ လက်သန့်ဆေး (hand sanitizer) ဖြစ်ဖြစ် သုံးပေးပါ။

၂။ နှာစေး၊ ချောင်းဆိုးတဲ့အခါ တစ်ရှုး ဒါမှမဟုတ် တံတောင်ဆစ်ကွေးပြီးတော့ နှာခေါင်းနဲ့ ပါးစပ်ဖုံးအုပ်ပြီးဆိုးပါ။ အသုံးပြုပြီးသား တစ်ရှုးတွေကို နီးစပ်ရာအမှိုက်ပုံးမှာ စွန့်ပစ်ပါ။ ပြီးရင်လက်ကိုစင်ကြယ်အောင် ဆေးကြောပါ (သို့) လက်သန့်ဆေးသုံးပါ။

၃။ လူထူထပ်တဲ့၊ နီးကပ်တဲ့နေရာမျိုးနှင့် ပွဲလမ်းသဘင်များကို ဆင်ခြင်ပါ။ အထူးသဖြင့် ဖျားနာတဲ့သူနဲ့ဆိုရင် အနည်းဆုံး သုံးပေခန့် အကွာအဝေးမှာနေပါ။

၎။ အပြင်ကလာတဲ့အခါ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းတွေကို လက်နဲ့ပွတ်သတ်တာမျိုးကို လုံးဝမပြုလုပ်ပါနဲ့။

၅။ တကယ်လို့ ကိုယ်ကိုယ်တိုင်က ဖျားနာနေတာပဲဖြစ်ဖြစ်၊ တခြားလူတစ်ယောက်က ဖျားနာတာကို ပြုစုပေးရတာပဲဖြစ်ဖြစ်၊ ဆေးရုံကိုသွားရတာပဲဖြစ်ဖြစ်၊ နှာခေါင်းစည်း တပ်ဆင်ထားပါ။

၆။ ကိုယ်တိုင်နေမကောင်းဖြစ်နေရင် အိမ်မှာပဲနေပါ။ အပြင်ကို မသွားပါနဲ့။ တကယ်လို့ ဖျားနာတာ၊ ချောင်းဆိုးတာ၊ အသက်ရှုကြပ်တာဆိုလို့ရှိရင် နီးစပ်ရာဆေးရုံကို သွားပြီး ချက်ခြင်းဆေးကုသမှုခံယူပါ။