မော် ဒယ်လောကမှာ အောင်မြင်သူတစ်ယောက်ဖြစ်တဲ့ မျိုးကိုကိုစန်းဟာ လိင်ပြောင်းခွဲစိတ်ထားသူတစ်ယောက်ဖြစ်ပေမယ့် သူမယုံကြည်ရာ လမ်းကြောင်းကို တည့်တည့်မတ်မတ် လျှောက်လှမ်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လူလေးလှသလို စိတ်ထားလေးလည်း နူးညံ့သိမ်မွေ့တဲ့ မျိုးကိုကိုစန်းက သူမကို ပိုက်ဆံလာတောင်းတဲ့ ကလေးတွေကို တစ်ဝိုင်းတည်းစားသောက်စေခဲ့တဲ့အကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။

“ဒီနေ့ သူငယ်ချင်းတွေနဲ့ ဦးပိန်သွားရင်း “အမ ထမင်းဖိုးလေးပေးပါဆိုလို့ “ကြည့်လိုက်တော့ ကလေးမလေး တစ်ယောက် အဲ့တာနဲ့ “အမ ပိုက်ဆံမပေးဘူးသမီး ထမင်းစားချင်တာမလား အမတို့နဲ့ အတူတူ ထိုင်လာစားဆိုပြီးပြောမိတယ်။ ” သူ့ပုံစံက စားရဲတဲ့ပုံမပေါ်တာနဲ့ ဘာမှမဖြစ်ဘူး အမတို့နဲ့ အတူထိုင်စား ” လို့ဆက်ပြောမိတော့ “ပါဆယ်ထုပ်မယ်တဲ့” ပါဆယ်မထုပ်ပေးဘူး စားချင်ရင် ဒီမှာတစ်ခါတည်းစားသွားဆိုမှ ညီမလေးကို သွားခေါ်လို့ရလားဆိုပြီး ပြောတယ်။ သွားခေါ်လေ ဆိုမှ ပြေးပြီး သူ့ညီမလေးကို သွားခေါ်ရှာတယ်။ ညီအမနှစ်ယောက်ပြန်လာတာနဲ့ ကိုယ်နဲ့ တစ်ဝိုင်းတည်းထိုင်ခိုင်းပြီး စားဖြစ်တယ်။”

“သွားခေါ်လေ ဆိုမှ ပြေးပြီး သူ့ညီမလေးကို သွားခေါ်ရှာတယ်။ ညီအမနှစ်ယောက်ပြန်လာတာနဲ့ ကိုယ်နဲ့ တစ်ဝိုင်းတည်းထိုင်ခိုင်းပြီး စားဖြစ်တယ်။ စားရင်းနဲ့ မေးဖြစ်တယ်ဘယ်ကလာလဲဆိုတော့ စစ်ကိုင်းကတဲ့။ ကျောင်းနေလားဆိုတော့ နေတယ်တဲ့ ဘယ်နှတန်းလဲဆိုတော့ ၅တန်းတဲ့ အငယ်မလေးက တစ်တန်းတဲ့ နာမည်တော့ မမေးခဲ့ဘူး။ဖြစ်ချင်တဲ့ အိမ်မက်တွေရှိလားဆိုတော့ အကြီးမလေးက ဆရာဝန်ဖြစ်ချင်တာတဲ့ အငယ်မလေးက အင်ဂျင်နီယာတဲ့။ မနက်ဖြန်ဆို စာမေးပွဲဖြေပြီတဲ့ အမှန်တိုင်းပြောရရင် စာမေးပွဲဖြေခါနီး အဲ့လိုခိုင်းရလား အမေတို့ကိုပြောလေ ဆိုပြီးပြောမလို့ပါပဲ သူတို့မိသားစု အရေးမို့ ဘာမှတော့ ဆက်မပြောခဲ့ပါဘူး။”

” အဲ့တာနဲ့ ထမင်းတွေထည့်ပေး ဟင်းတွေ ထည့်ပေးပြီး စားနေတုန်းရုတ်တရတ် ဝပြီထပြန်မယ်လုပ်တော့ ဘာလို့လဲမေးလိုက်တာ သူ့အမေကြည့်သွားလို့တဲ့။ ကလေးက ကြောက်နေတဲ့ပုံပါပဲ ဒါပေမဲ့ပြောလိုက်ပါတယ် သမီးဆက်ထိုင်စား အမတစ်ခုပြောပြမယ် အခုချိန်ထသွားလည်း အမေက ရိုက်မှာပဲဟုတ်တယ်မလား။ အရိုက်ခံမဲ့အတူတူ ကိုယ်စားချင်တာ အဝစားပြီးမှ အရိုက်ခံတာ ပိုမကောင်းဘူးလား နောက်ပြီး စားစရာရှိတာ အစားကိုပဲ အာရုံစိုက်ပြီး ကောင်းကောင်းစား အမေကို စိတ်ထဲက ထုတ်ထားလိုက် ကြောက်တဲ့ စိတ်နဲ့စားနေရင် သမီးဘယ်လိုလုပ် ဒီအစားအသောက်ရဲ့ အရသာကို ခံစားမိမလဲ။ ပြီးတော့ ဖြစ်မလာသေးတာကို ကြိုတွေးပြီးကြောက်နေရင်နှစ်ခါနာတယ် ဆိုပြီး ပြောလိုက်မှ စိတ်အေးလက်အေး ဆက်စားတော့တယ်။”

” ပြန်ခါနီး ပြောလိုက်ပါသေးတယ် သမီးရည်မှန်းချက်က ဆရာဝန်ဖြစ်ချင်တာမမသိတယ် ဒါပေမဲ့ အိမ်အခြေအနအရ သမီးမိဘတွေက ဆက်မထားနိုင်တော့ဘူးဆိုရင် သမီးမှာ အသက်မွေးဝမ်းကျောင်း အလုပ်လုပ်ဖို့လိုတယ် သမီးက စစ်ကိုင်းက မဟုတ်လား ဒီဘက်မှာ ယက္ကန်းရုံတွေရှိတယ် အဲ့လိုဖြစ်လာတဲ့တစ်နေ့ အလုပ်သွားတောင်းလို့ အလုပ်တောင်းရမှာကို မရှက်နဲ့ ကိုယ်က အကောင်းဆုံးလုပ်ပါ့မယ် ကြိုးစားပါ့မယ်ဆိုပြီး အလုပ်တောင်းပါလို့ သင်ပေးလိုက်တယ်။”

” အမှန်ဆို ဘာပဲလုပ်လုပ် ဘာပဲလှူလှူ Facebookပေါ် မတင်ဖြစ်တာများတယ်။ ဟိုတစ်နေ့က အသိအကိုနဲ့ စကားပြောရင်း ညီမ ပရဟိတ ဘာတွေလုပ်ဖြစ်လဲဆိုလို့ ညီမ တတ်နိုင်သလောက် ကြုံသလို လှူဖြစ်ပါတယ်။ ပုံလည်းမတင်သလို လှူတဲ့အကြောင်းလည်းမရေးဖြစ်ဘူးပေါ့။ နောက်ပြီး တောင်းတဲ့ကလေးလေးတွေကို ပိုက်ဆံမပေးပဲ အတူတူထိုင်ခေါ်စားတဲ့ အလှူကလေးတော့ ကြုံရင်ကြုံသလို လုပ်ဖြစ်တယ်ဆိုတော့ ဒါက ညီမချပြသင့်တဲ့အရာ ဒါမျိုးတစ်ခြားလူတွေပါ လိုက်လုပ်လာအောင် ညီမတင်သင့်တယ်ဆိုလို့ ဒီနေ့ကလေးလေးတွေကို မမဓာတ်ပုံရိုက်မယ်နော် facebookမှာ ဓာတ်ပုံတင်မှာဒါပေမဲ့ မျက်နှာမပါဘူး စိတ်မပူနဲ့နော်ဆိုပြီး ခွင့်တောင်းပြီး ရိုက်ပြီး အခုလိုတင်ခဲ့ပါတယ်။”

” တစ်ခုရှိတာက စိတ်ထဲမှာ သူတို့လေးတွေကို တောင်းစားတယ်ဆိုတဲ့ စကားလုံးဝမသုံးခဲ့သလို ဒီလိုမျိုးကျွေးမွေးဖြစ်တဲ့အခါလည်း တောင်းစားတာ မကောင်းဘူး ဘာညာမပြောမိဖို့ သတိပေးပါရစေ။ ကျောင်းပိတ်ရက်အလုပ်လုပ်နေတဲ့ ကလေးတွေလိုပဲ သဘောထားပေးကြပါ။ ကလေးတွေကရိုးသားပါတယ် ပိုက်ဆံတောင်းနေရပေမဲ့ သူတို့သဘာဝအရ စားချင်တဲ့ အစားအသောက်ဆိုတာရှိမှာပဲလေ❤️” ဆိုပြီး မျှဝေထားပါတယ်။

မျိုးကိုကိုစန်းကတော့ လူလေးလှသလို စိတ်ထားလေးလည်း ပြည့်စုံလှပသူလေးတစ်ယောက် ဖ်ြပါတယ်။ပရိသတ်ကြီးလည်း မျိုးကိုကိုစန်းရဲ့ ကောင်းမှူလေးကိုကြည့်ပြီး ထပ်တူပီတိဖြစ်နေကြမယ် ထင်ပါတယ်။