ကေ လးလေးတစ်ယောက်လို ဖြူစင်ပြီး ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ ဟန်ဆောင်မှုကင်းတဲ့ စကားပြောဟန်ပန်လေးတွေကြောင့် ယောက်ျားလေး ပရိသတ် မိန်းကလေးပရိသတ် မရွေး အားလုံးက ချစ်ခင်နေရသူလေးကတော့ သရုပ်ဆောင်မင်းသမီးချောလေး သွန်းဆက်ပဲ ဖြစ်ပါတယ်နော်..။ သရုပ်ဆောင်ကောင်းမှုတွေအပြင်

ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကြောင့် အားလုံးက အချစ်ပိုနေရတဲ့ သွန်းဆက်ကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး စြနိုက်ကျော်ခံရတယ်ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ဖြေကြားခဲ့တဲ့ အင်တာဗျူးနဲ့ အကြောင်းလေးတွေကို ပြန်လည်ဖြေရှင်း ပြောပြလာပါတယ်နော်..။ စနိုက်ကျော်ခံရတယ်လို့ ဖြေထားတဲ့ အင်တာဗျူးဟာ

သူမအနေနဲ့ ရှေ့မှာ သက်သက်ဖြေထားတာဖြစ်ပြီး ကြုံဖူးလားဆိုတော့ ဟုတ်တယ် ကြုံဖူးတယ် ဖြစ်ဖူးတယ်ဆိုတဲ့အရာကို ဖြေထားတာ ဖြစ်ကာ နောက်ပိုင်းမှာ ပေ့ခ်ျတွေမှာ သူမဖြေထားတဲ့ အင်တာဗျူးကို ခေါင်းစဉ်တွေ အမျိုးမျိုးတပ်ပြီး ယူသုံးလိုက်တာလို့ ထင်ပါတယ် ဆိုပြီး ပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။ကောလဟာလတွေအပေါ်မှာလည်း

ပရိသတ်တွေက သူတို့ချစ်ပြီး အားပေးကြတဲ့ အနုပညာရှင်တွေကို အားပေးကြတယ် ထောက်ခံကြတာဖြစ်တဲ့အတွက် ဘာမှတော့ ပြောစရာ မရှိသလို အချစ်နဲ့ ပတ်သက်ရင် အချစ်ကို စိတ်ကုန်တာမဟုတ်ဘဲ ကြောက်ကို ကြောက်နေတာမို့ ထပ်ပြီးတော့လည်း ထားဖြစ်မှာ မဟုတ်တော့သလို

ဘာမှလည်း သိပ်မယုံရဲတော့ဘူး ဆိုပြီးတော့လည်း ပြောပြထားပါ..။ “အချစ်ရေးမှာလည်း ကံမကောင်းတဲ့အထဲမှာ ပါတယ်လေ ထပ်ပြီးထားဖို့တို့ အသစ်ရှာဖို့တို့ကို ခေါင်းထဲမှာကို မရှိတော့ဘူး အခုဆိုရင် ၁၅၀၀ မေတ္တာက ကိုယ့်အတွက်အဆင်မပြေဘူး ၅၂၈ မေတ္တာဆိုရင် အရမ်းအဆင်ပြေတယ်

ကိုယ့်ကိုချစ်တဲ့သူငယ်ချင်းတွေရှိတယ် မိသားစုတွေရှိတယ်ဆိုတော့ သူတို့တွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေရာတာ ကောင်းပါတယ်..” ဆိုပြီး သွန်းဆက်က ပြောပြထားပါသေးတယ်..။ ဒီကနေ့လေးမှာတော့ ကောလဟာလတွေနဲ့ သူမဖြေထားတဲ့ အင်တာဗျူးအကြောင်းအရာလေးတွေနဲ့ ပတ်သက်ပြီး ပြန်လည်ပြောပြထားတဲ့ သွန်းဆက်ကိုလည်း ချစ်ပရိသတ်တွေအတွက် မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။