မြန် မာနိုင်ငံမှာပရိသတ်တွေအားပေးမှုအများကြီးရထားတဲ့ Boy Band တွေများများစားစားမရှိပါဘူး။အဲ့ဒီအထဲကမှ Project K ကတော့ ထိပ်ဆုံးကပါပဲ။Project K ရဲ့ သီချင်းလေးတွေကို ကြိုက်နှစ်သက်ကြသလို အဖွဲ့ဝင်တိုင်းကိုလည်း ပရိသတ်တွေက ဂရုတစိုက်နဲ့ချစ်ခင်ကြတာပါ။

အခုလည်း အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ချမ်းမြေ့ဦးဟာ ယာဉ်တိုက်မှုကြီးကြီးမားမားဖြစ်ခဲ့ပေမဲ့ ကံကောင်းခဲ့ရသူတစ်ယောက်ပါ။သူစီးလာတဲ့ကားဟာ ရထားနဲ့တိုက်မိပြီး ကားကတော့ကြေမွသွားပေမဲ့ လူကတော့ ပွန်းပဲ့ရုံလောက်သာဖြစ်ခဲ့တာပါ။သူ့ရဲ့ကျန်းမာရေးအတွက်လည်းပရိသတ်တွေကတော့ အကြီးအကျယ်စိတ်ပူနေခဲ့တာပါ။သူကတော့ စိတ်ပူနေတဲ့ ပရိသတ်တွေအတွက် “ကားကို ရထားနဲ့တိုက်မိပြီး တရွတ်တိုက်ကြီးလည်ပြီးပါသွားတာ , ကားပေါ်က ခုန်ချပြီး ရေမြောင်းထဲပြုတ်ကျသွားလို့ … နဲနဲပဲပွန်းသွားတယ် … ဘာမှစိတ်မပူကြပါနဲ့နော် … I’m still alive” ဆိုပြီးတော့ ရေးခဲ့တာပါ။

မျက်နှာချိုချိုနဲ့ အပြောအဆိုရည်မွန်တဲ့ ချမ်းမြေ့ဦးကိုတော့ ပရိသတ်တွေက Project K အဖွဲ့မစခင်ကတည်းက သတိထားမိခဲ့ကြတာပါ။လက်ရှိအချိန်မှာ အောင်မြင်တဲ့ Project K အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ပရိသတ်တွေကို အနုပညာအသစ်တွေဖန်တီးတင်ဆက်ပေးနေတာပဲဖြစ်ပြီး အခုလိုမထင်မှတ်တဲ့အဖြစ်အပျက်ကြောင့်ပရိသတ်တွေက စိတ်ပူခဲ့ရပါပြီ။ရှေ့ဆက်ပြီးလည်း ကျန်းကျန်းမာမာနဲ့အနုပညာဖန်တီးမှုအသစ်တွေကို ပရိသတ်ကိုချပြနိုင်ပါစေနော်..

Source : ChanMyaeOo
PanKyarWutHmone – CeleGabar