မင်း သမီးကြီးဝါဝါဝင်းရွှေကတော့ အကယ်ဒမီ(၃)ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ ဝါရင့်မင်းသမီးကြီးတစ်ဦးပါ။လက်ရှိအချိန်မှာ မင်းသမီးတစ်ယောက်အနေနဲ့သာမက ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ဝါဝါဝင်းရွှေဟာ အနုပညာလောကမှာစံထားရတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

မင်းသမီးချောလေးပိုင်ဖြိုးသုကတော့ မင်းသမီးကြီးဝါဝါဝင်ရွှေဆီက အနုပညာတွေသင်ယူခွင့်ရတာကြောင့် ပျော်ရွှင်နေတာလည်း ဖြစ်ပါတယ်။အဲ့ဒီအကြောင်းကို “Learning from The Legend” ဆိုပြီးတော့ ဝါဝါဝင်းရွှေနဲ့အတူရိုက်ထားတဲ့ပုံလေးကို My Story မှာတင်ထားခဲ့ပါတယ်။ပိုင်ဖြိုးသုကတော့ ဝါဝါဝင်းရွှေကို Legend လို့တင်စားခဲ့သလို အခုလိုသင်ယူခွင့်ရတာကြောင့် ဂုဏ်ယူပျော်ရွှင်နေပုံရပါတယ်။

ပိုင်ဖြိုးသုကတော့ အနုပညာနဲ့ပတ်သက်ပြီးလောဘကြီးသလို အပြည့်အဝစိတ်နှစ်ပြီးအလုပ်လုပ်လေ့ရှိတဲ့သူတစ်ယောက်ပါ။အဲ့ဒါကြောင့်လည်း လက်ရှိအချိန်မှာ ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုကိုလည်း ရရှိထားတာပါ။အခုလိုဝါရင့်တွေဆီကပညာသင်ရတော့လည်း ဝမ်းမြောက်ဂုဏ်ယူတတ်တဲ့ မင်းသမီးချောလေးပါပဲနော်…

Source : paingphyothu
PanKyarWutHmone – CeleGabar