ပ ရိသတ်တွေက “မြညိုလေး”လို့ ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ မြတ်သူသူကတော့ လတ်တလောမှာ သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ ညောင်(၁၀)ပင် အဓိဋ္ဌာန်ကို ဝင်ရောက်ခဲ့ပါတယ်။မြတ်သူသူကတော့ ဗောဓိညာင်(၁၀)ပင် နေ့ချင်းပြီး အဓိဋ္ဌာန်ကို အပင်(၅၀)အထိအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။

အခု လို ညောင်(၁၀)ပင်အဓိဋ္ဌာန်ဝင်ရောက်ဖြစ်ခဲ့တဲ့ အကြောင်းကို မြတ်သူသူက “ဗောဓိညောင် (၁၀ )ပင် နေ့ချင်းပြီး အဓိဌာန် အပင် { ၅၀ } အောင်မြင်ခဲ့ပါပြီ ရှင်။ စွယ်တော်မြတ် စေတီ ဘုရား ဝင်းအတွင်း မှာ ဝင်ပေါက် အနီးမှာ (၆ )ပင် နှင့် ထွက်ပေါက်အနီးက တောအုပ် အတွင်း မှာ ညောင်ပင် { ၁၃ } ပင် ရှိတာမို့ နောက်ဘုရား တစ်ဆူဆီ ကူးစရာမလိုဘဲ တစ်နေရာတည်း မှာပင်အဓိဌာန် အောင်မြင်စွာ ပူဇော်နိုင် ပါတယ်ရှင်”ဆိုပြီးတော့လည်း တစ်နေရာတည်းမှာတင် အဓိဋ္ဌာန် အောင်မြင်စွာ ပူဇော်နိုင်မယ့် နေရာလေးကိုလည်း မျှဝေပေးထားပါသေးတယ်။

မြတ်သူသူကတော့ ဘုရားတရားလည်း ကိုင်းရှိုင်းတဲ့အပြင် မိဘအပေါ်မှာ သိတတ်လိမ္မာတဲ့ သမီးအလိမ္မာလေးတစ်ယောက်လည်းဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်မြညိုလေးကတော့ ကိုယ်တိုင်လည်း ညောင်(၁၀)ပင်အဓိဋ္ဌာန်ဝင်နေသလို ချစ်ရတဲ့ ပရိသတ်ကြီးလည်း လိုက်ဝင်လို့ရအောင် နည်းလမ်းလေးနဲ့ တစ်နေရာတည်းမှာတင် အဓိဋ္ဌာန်ပြီးအောင်ဆောင်ရွက်လို့ရမယ့် နေရာလေးကိုပါလမ်းညွှန်ပေးထားပါသေးတယ်နော်။

Chilli – CeleGabar
Source – Myat Thu Thu