ပြည်သူ ချစ်အနုပညာရှင်တွေဖြစ်တဲ့ ဒါဒါတို့ကတော့ အနုပညာနယ်ပယ်မှာ ဟိုးအရင်အချိန်တွေကတည်းက အခုထိပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ထားသူတွေပါ။စိုးမြတ်သူဇာ၊စိုးမြတ်နန္ဒာ၊စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့တွေကတော့ အနုပညာအလုပ်တွေလည်း လုပ်နေဆဲဖြစ်တဲ့အပြင် ညီအမတွေစုပေါင်းပြီးတော့ မင်းသမီးပိုးထည်တိုက်ကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။

မနေ့ကတောင်သူလယ်သမားနေ့လေးမှာတော့ ဒါဒါနဲ့ဒီးဒီတို့နှစ်ယောက်က Fb Live လွှင့်ကာပရိသတ်တွေနဲ့လက်ဆုံစကားပြောရင်း ဈေးရောင်းခဲ့ကြပါသေးတယ်။ဒါဒါကတော့ လတ်တလောအနုပညာခြေလှမ်းကျဲနေပေမယ့် ဘာသာရေးကိုဖိလုပ်ကာ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေသူလည်းဖြစ်ပါတယ်။ဒီးဒီကတော့ မကြာသေးခင်မှ အသည်းနာဆိုတဲ့သီချင်းလေးထွက်ရှိထားပြီး သူ့ရဲ့သီချင်းအသစ်လေးနဲ့ပတ်သက်ပြီးတော့လည်း မှတ်ချက်ကောင်းတွေရထားသူတစ်ယောက်ပါ။လက်ရှိအချိန်မှာတော့ ချစ်ရတဲ့သမီးလေးထရက်ရှာနဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေလည်း အချိန်ရှိသမျှလုပ်နိုင်ဖို့ကြိုးစားနေသူလည်းဖြစ်ပါတယ်။

မနေ့ကတောင်သူလယ်သမားနေ့လေးမှာတော့ ဆိုင်မှာညီအမတွေပျော်ပျော်ရွှင်ရွှင်နဲ့ဈေးရောင်းရင်း အချိန်ကုန်ဆုံးခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့ ဒါဒါနဲ့ဒီးဒီတို့ ညီအမနှစ်ယောက်ကတော့ အားမရသေးဘဲ FB Live လွှင့်ပြီးဈေးရောင်းခဲ့ပါသေးတယ် ပရိသတ်ကြီးရေ…သူတို့ကတော့ နောက်ပိုင်းလူမှုကွန်ရက်မှာ ခေတ်စားနေတဲ့ ဈေးရောင်းနည်းပုံစံအသစ်ဖြစ်တဲ့ Live လွှင့်ပြီးဈေးရောင်းတာကို လုပ်ခဲ့ကြပြီး ချစ်ခင်အားပေးတဲ့ပရိသတ်တွေများလွန်းတာကြောင့် ဈေးရောင်းတာမြိုင်မြိုင်ဆိုင်ဆိုင်လေးဖြစ်ခဲ့ပြီး ပျော်ရွှင်စရာအချိန်လေးကို ရရှိခဲ့ကြတာလည်းဖြစ်ပါတယ်။ပြည်သူချစ်မင်းသမီးနှစ်ယောက်ရဲ့ ဈေးသည်တစ်ဖြစ်လဲ ပျော်ရွှင်စွာဈေးရောင်းခဲ့ကြတဲ့ FB Live ဗွီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source – မင်းသမီးပိုးထည်တိုက်
Rainbow – Cele Gabar