မြန် မာအိုင်ဒေါပြိုင်ပွဲဝင် မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော် Mooler ကတော့ ဒီတစ်ပတ်ယှဉ်ပြိုင်မည့် “ရုပ်ရှင်ဇာတ်ဝင် ” တေးသီချင်းများနဲ့ သီဆိုယှဉ်ပြိုင်ရမယ့် Week (8) အတွက် အကောင်းဆုံးကြိုးစားနေတဲ့အကြောင်းကို “”ရုပ်ရှင်ဇာတ်ဝင် ” တေးသီချင်းများနဲ့ သီဆိုယှဉ်ပြိုင်ရမယ့် Week (8) ဒီညအတွက် အားလုံးပဲရင်ခုန်နေကြပြီမဟုတ်လား …? ကျတော်အကောင်းဆုံးကြိုးစားထားတာမို့လို့ အားပေးကြပါဦး…” လို့ သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

Mooler ဟာ ပြီးခဲ့တဲ့အပတ် ထင်ရှားကျော်ကြားတေးသီချင်းများနဲ့ယှဉ်ပြိုင်မှုမှာတော့ ပရိသတ်တွေကြားဖူးနေကျသီချင်းတစ်ပုဒ်ဖြစ်တဲ့ တစ်ယောက်ထဲလား ဆိုတဲ့သီချင်းကို တစ်ယောက်တည်းလားမေးတော့ Mooler တစ်ယောက်တည်းပါ လို့ နာမည်လေးကိုထည့်ပြီး သီဆိုခဲ့ပါသေးတယ်။တစ်ပတ်ထက်တစ်ပတ်ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကတော့ လက်ရှိမှာ Top (4) ပြိုင်ပွဲဝင်ဖြစ်တဲ့ အက်စတာ၊အေးမြဖြူး၊ဘင်ဂျမင်ဆုမ်း၊MooLer တို့သာကျန်ရှိတော့တာလည်းဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ ပရိသတ်ရဲ့ voting ပေးတဲ့ အားပေးမှုနဲ့အတူ မြန်မာအိုင်ဒေါပြိုင်ပွကြီးကို နှုတ်ဆက်ခဲ့ရဲ့တဲ့ပြိုင်ပွဲဝင်တွေဖြစ်တဲ့ ခြူးစစ်ဟန်၊နေလင်းကျော်၊နှင်းအိအိဝင်း၊တန်ခွန်ကျော်၊ထက်အဉ္ဇလီ၊နော်စေးစေးထူး၊ယောကီး တို့ထဲမှ ဘယ်သူပြိုင်ပွဲဝင်ကပြန်လည်ရောက်ရှိလာမယ့် ဆိုတာကတော့ ယနေ့ညမှာ သိရှိရပါတယ်။

ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါပြိုင်ပွဲဝင် မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော် Mooler ကတော့ ဒီတစ်ပတ်ယှဉ်ပြိုင်မည့် “ရုပ်ရှင်ဇာတ်ဝင် ” တေးသီချင်းများနဲ့ သီဆိုယှဉ်ပြိုင်ရမယ့် Week (8) အတွက် အကောင်းဆုံးကြိုးစားနေပါတယ်။

Source: Saw Chris Mooler,CRD-Cele Gabar