ရွှေ ထူးနဲ့ ရွှေမှုံရတီဟာ ပရိသတ်တွေရဲ့ idol couple လေးအဖြစ် အချိန်တွေအကြာကြီးရပ်တည်နေတဲ့ အနုပညာရှင် ဇနီးမောင်နှံလေးဖြစ်ပါတယ်။ ရွှေထူးက ချစ်ဇနီးလေးကို ချစ်သူဖြစ်ခါစကအတိုင်းအမြဲတမ်း အလိုလိုက်နေပြီးချစ်မြတ်နိုးနေတာကို မြင်ရသလို ရွှေမှုံကလည်း တစ်နေ့ထက်တစ်နေ့ခင်ပွန်းဖြစ်သူကို ပိုချစ်လာပြီးရွှေထူးအတွက်

လိုအပ်သမျှတွေဖြည့်ဆည်းပေးဖို့အချစ်တွေနဲ့ပျော်ရွှင်စေဖို့အမြဲတမ်းကြိုးစားနေတာ ပရိသတ်တွေအားလုံးအမြင်ပါပဲ။ ရွှေထူးက ရွှေမှုံကိုအမြဲလိုလို အရိပ်တကြည့်ကြည့်နဲ့အလိုလိုက်ဂရုစိုက်သလို ရွှေမှုံကလည်း ခင်ပွန်းကိုsurprise တွေမကြာခဏလုပ်ပြီးချစ်ခြင်းမေတ္တာကို ဖော်ပြတတ်တာလေးတွေကလည်း မြင်ရတဲ့ပရိသတ်တွေအတွက် တကယ့်ကို ကြည်နူးစရာပါ။

ဇာတ်ကားရိုက်ကူးအတွက် ကာရိုက်တာပိုင်းကို အကောင်းဆုံးကြိုးစားပြင်ဆင်ခဲ့ပြီး အကောင်းဆုံးအဆုံးသတ်နိုင်ဖို့ အတွက်ကိုလည်း ပြင်ဆင်ကာ Stress တွေများနေတဲ့ ရွှေမှုံလေးကို ခင်ပွန်းဖြစ်သူ ရွှေထူးက နှာဖူးပေါ် ခြွေတဲ့အနမ်းလေးနဲ့Stressတွေ ပြေပျောက်အောင် လုပ်ပေးလိုက်တဲ့အကြောင်းကို “Stress တွေ ကွယ်ပျောက်ကုန်ပြီ” ဆိုတဲ့ ဗီဒီယိုဖိုင်လေးကို ရွှေမှုံလေးက သူမရဲ့ မိုင်ဒေးလေးမှာ တင်လာခဲ့ပါတယ်..။

ရွှေထူးကတော့ ချစ်ဇနီးလေး ရွှေမှုံလေးကို အရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်လွန်းပါတယ်နော် ပရိသတ်ကြီးရေ..။ပရိသတ်ကြီးအတွက် ချစ်ဇနီးလေး ရွှေမှုံအတွက် Stress ပျောက်သွားစေမယ့် အနမ်းလေးပေးကာ ပျော်ရွှင်နေတဲ့ ရွှေထူးရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။