ပ ရိသတ်ကြီးရေ မယ်လိုဒီကတော့ ဒီနေ့မှာ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ” ငယ်ငယ်ကတည်းကနေ ခုချိန်ထိ အေးဆေးနားခဲ့ရတယ် မရှိခဲ့ဘူး။ဘဝကိုစိတ်နဲ့ခန္ဓာ ပင်ပမ်းစွာရုန်းကန်ခဲ့ရတယ်။ငယ်ငယ်ကတည်းက စိတ်ကူးယဉ်အိမ်မက်ဟာ သူများတွေနဲ့မတူဘူး။

အေး ချမ်းသာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်တဲသာမန်အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဘဲဖြစ်ချင်ခဲ့တာပါ။တနေ့တနေ့ ထမင်းချက် အဝတ်လျှော် အိမ်ရှင်း ကလေးတွေကျောင်းပို့ ကျောင်းကြိုညစာ မိသားစုလက်ဆုံစား စကားတွေပြောကြစနေ တနင်္ဂနွေနေ့ဆို အိမ်မှာ မုန့်လုပ်စားအဲ့လိုမိသားစုဘဝလေးဘဲ လိုချင်ခဲ့တာပါ။

ဒါပေမယ့် ငယ်ငယ်ကတည်းက ခုချိန်ထိ ယောက်ျားသားတစ်ယောက်လို ရုန်းကန်ရင်းစီးပွါးရှာရတုန်းယုံကြည်စွာ မှီခိုရင်းဘဝအမောတွေဖြေဖျောက်မယ့် နွေးထွေးတဲ့အိမ် ပျောက်ဆုံးနေတုန်းနေ့နေ့ညညမနားမနေကြိုးစားခဲ့တဲ့အဖိုးတန် စိတ်ခံစားချက်နဲ့စည်းစိမ်တွေဟာလဲ မျက်လှည့်ပြလိုက်သလိုပျောက်ဆုံးသွားခဲ့တယ်။

မွေးကတည်းကဘာမှမပါလာလို့ ဘဝကိုအကြိမ်ကြိမ်ပြန်စဖို့ ဘယ်တုန်းကမှမကြောက်ခဲ့ပါဘူး။ကိုယ်မလုပ်တဲ့ကိစ္စမှာတောင် တာဝန်အပြည့်ယူရဲခဲ့ပါတယ်။ဘဝမှာ တခုဘဲအကြောက်ဆုံးအလိမ်ခံရမှာ။အကြောက်ဆုံးမို့ ခဏ ခဏ အလိမ်ခံရတယ်။ငွေကြေး စည်းစိမ် ကျွန်မ ပြန်ရှာနိုင်ပါတယ်။ဒါပေမယ် အလိမ်ခံလိုက်ရတဲ့အတွက်တဖက်လူအပေါ် ကျွန်မ အယုံအကြည်မရှိတော့သလိုအထင်ကြီးလေးစားခြင်းတွေဟာလဲ ဘယ်လိုမှပြန်တည်ဆောက်လို့မရတော့ပါဘူး။

ရိုးသားတာလေးကို မက်မောခဲ့တာ အဲ့လူမှာရိုးသားတာမရှိတော့ရင် ဘာတန်ဖိုးရှိဦးမှာလဲ။ဘဝကိုဟိတ်ဟန်မရှိဘဲရိုးရှင်းစွာနေနိုင်ရင်ဘယ်တော့မှဒုက္ခမရောက်ပါဘူး။လောဘကိုချွန်းအုပ်ထားနိုင်ရပါမယ်။တပ်မက်ခြင်းတွေရဲ့လိုအင်ကို အကုန်ဖြည့်ဆည်းစရာမလိုပါဘူး။

ကိုယ်ခြင်းစာတရားရှိခြင်း လေးစားခြင်း တာဝန်ယူတတ်ခြင်းတွေဟာလည်း အမှားကိုသိရင် တောင်းပန်တတ်ရပါတယ်။အမှားပေါ်အမှားဆင့် ထပ်စော်ကားလို့မရပါဘူး။ရှက်ရမ်းရမ်းလို့လဲမရပါဘူး။စာတွေရေးရင်း ရှည်ကုန်ပြီ။ပြောချင်တာက ငယ်ငယ်ကတည်းကနေခုချိန်အလုပ်တွေ ပင်ပင်ပမ်းပမ်းလုပ် စိတ်ဒဏ်ရာတွေနဲ့နာကြင်ခံစားနေရတာတောင်မှ ကျွန်မရဲ့အလှတရားဟာ ထိမ်းမနိုင်သိမ်းမနိုင် ဖွက်ထားလို့မရအောင် မဟားတရားလှနေတုန်းပါဘဲ။

စိတ်ချမ်းသာပြီး ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်ဘဝမှာသာနေရရင် ဘယ်လိုတွေလှနေမလဲအတွေးနဲ့တင် ငါဘုရင်မ ဖြစ်နေပြီ။စာတွေဖတ်ပြီး အပျင်းပြေကြပါစေရှင်။” ဆိုတဲ့စာသားလေးနဲ့ရင်ဖွင့်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မယ်လိုဒီတစ်ယောက်စိတ်ညစ်စရာတွေရှိနေလားလို့လည်း မေးခွန်းလေးတွေ မှတ်ချက်ပေးနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မယ်လိုဒီတစ်ယောက် စိတ်ချမ်းသာစေဖို့ ချစ်တဲ့ပရိသတ်တွေအနေနဲ့ ဆုတောင်းပေးခဲ့ပါဦးနော်။