သင့် ကို တစုံ တဦး စောင့်ကြည့် နေသည် ဟူသည့် ခံစားချက်မျိုး ဖြစ်ပေါ်ဖူးပါ သလား။ သို့မဟုတ် ရုတ်တရက် အပူချိန် ပြောင်း လဲသွား ခြင်းမျိုး ခံစားဖူး ပါသလား။

ပရလောက သုတေသီတို့၏ အဆိုအရ ယင်းလက္ခဏာ များသည် သင်၏ နေအိမ်တွင် တစ္ဆေ သရဲရှိနေခြင်းကို ပြသသည့် လက္ခဏာရ ပ်များ ဖြစ်သည်ဟု ဆိုပါသည်။

လေ့လာချက် တရပ် အရ လူ ၁၀ ဦးလျှင် ၆ ဦးမှာ တစ္ဆေ သရဲ ရှိကြောင်း လက်ခံ ယုံကြည်ကြ သည်ဟု ဆိုသည်။

ပရလောက သုတေသီ ဘာရီ ဂိုင်း၊ ဆန်ဒီ လက်ခ်ဒါနှင့် ခရစ် ဖလဲမင်းတို့၏ သုတေသန ပြုချက်များအရ အောက်ပါ အချက်များမှာ သင်၏ နေအိမ်တွင် သရဲ ရှိသည်ကို ပြသနေသည့် လက္ခဏာ ရပ်များ ဖြစ်ကြပါသည်။

အဆိုပါ လေ့လာချက်ကို ဒေါက်တာ ဂျော့ဖ် အဲလစ်စ်က ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်

၁။ အိမ်တွင် တဦးတည်း ရှိနေချိန်များ၌ စောင့်ကြည့် ခံနေရသည်ဟု ခံစားရခြင်း

၂။ အခန်းတွင်း အပူချိန် ထူးဆန်းစွာ ရုတ်တရက် ပြောင်းလဲ သွားသကဲ့သို့ ခံစားရခြင်း

၃။ အိမ်အသုံးအဆောင် ပစ္စည်းများ ထူးဆန်းစွာ ပျောက်ဆုံး သွားကာ မူလထားသည့် နေရာ မဟုတ်ဘဲ အခြား တနေရာတွင် ပြန်တွေ့ခြင်း

၄။ လျှပ်စစ်မီး ပြဿနာများ ကြုံတွေ့ရခြင်း (ဥပမာ – မီးများ အလိုအလျောက် ဖွင့်၊ ပိတ်ခြင်း) ၊ လျှပ်စစ်ပစ္စည်းများ အလုပ် မလုပ်ခြင်း (သို့မဟုတ်) တလွဲတချော် အလုပ် လုပ်ခြင်း (ဥပမာ- မီးဖွင့်လျှင် ပိတ်ခြင်း၊ ပိတ်လျှင် ပွင့်ခြင်း)

၅။ လေချွန်သံများ၊ လမ်းလျှောက် သံများ၊ တခုခု ပြုတ်ကျသံ၊ သင်၏ အမည်ကို ခေါ်လိုက် သံမျိုး ကြားရခြင်း

၆။ မျက်လုံးထောင့်တွင် အရိပ် (သို့မဟုတ်) လှုပ်ရှားမှု တခုခုတွေ့လိုက်ခြင်း

၇။ လက်ဖြင့် တယောက်ယောက် ထိကိုင်လိုက် သကဲ့သို့ ခံစားရခြင်း

၈။ အိမ်အတွင်း ရနေကျ မဟုတ်သည့် ရေမွှေးနံ့၊ ပန်းနံ့၊ စီးကရက်နံ့၊ အစား အသောက်နံ့၊ အပုပ်နံ့ ရခြင်း

၉။ နံနက်လင်းအားကြီး ၃ နာရီမှ ၄ နာရီ အကြား ရုတ်တရက် လန့်နိုးလာကာ ထိတ်လန့် ခြောက်ခြားနေ တတ်ခြင်း

၁၀။ နေအိမ်၏ နေရာတခုသို့ ရောက်လျှင် အကြောင်း မရှိဘဲ ဝမ်းနည်း သလိုလို၊ သောက ရောက်နေသလို ခံစားရခြင်း

အထက်ဖော်ပြပါ အချက်များမှ တခုခုဖြစ်ပေါ်နေပြီ ဆိုပါက သင်၏ နေအိမ်တွင် တစ္ဆေသရဲ နေရှိပြီ ဟူသည်မှာ သေချာကြောင်း ပရလောက သုတေသီတို့က ပြောကြား ထားသည်။

Cherie (shweinnlay)

ဒီအခ်က္ေတြ တစ္ခုခု ျဖစ္ေနျပီဆိုရင္ သင္၏ ေနအိမ္တြင္ တေစၦသရဲ ရိွေနပါၿပီ

သင့္ကို တစုံ တဦး ေစာင့္ၾကည့္ ေနသည္ ဟူသည့္ ခံစားခ်က္မ်ိဳး ျဖစ္ေပၚဖူးပါ သလား။ သို႔မဟုတ္ ႐ုတ္တရက္ အပူခ်ိန္ ေျပာင္း လဲသြား ျခင္းမ်ိဳး ခံစားဖူး ပါသလား။

ပရေလာက သုေတသီတို႔၏ အဆိုအရ ယင္းလကၡဏာ မ်ားသည္ သင္၏ ေနအိမ္တြင္ တေစၦ သရဲရွိေနျခင္းကို ျပသသည့္ လကၡဏာရ ပ္မ်ား ျဖစ္သည္ဟု ဆိုပါသည္။

ေလ့လာခ်က္ တရပ္ အရ လူ ၁၀ ဦးလွ်င္ ၆ ဦးမွာ တေစၦ သရဲ ရွိေၾကာင္း လက္ခံ ယုံၾကည္ၾက သည္ဟု ဆိုသည္။

ပရေလာက သုေတသီ ဘာရီ ဂိုင္း၊ ဆန္ဒီ လက္ခ္ဒါႏွင့္ ခရစ္ ဖလဲမင္းတို႔၏ သုေတသန ျပဳခ်က္မ်ားအရ ေအာက္ပါ အခ်က္မ်ားမွာ သင္၏ ေနအိမ္တြင္ သရဲ ရွိသည္ကို ျပသေနသည့္ လကၡဏာ ရပ္မ်ား ျဖစ္ၾကပါသည္။

အဆိုပါ ေလ့လာခ်က္ကို ေဒါက္တာ ေဂ်ာ့ဖ္ အဲလစ္စ္က ဦးေဆာင္ ျပဳလုပ္ခဲ့ျခင္း ျဖစ္ပါတယ္

၁။ အိမ္တြင္ တဦးတည္း ရွိေနခ်ိန္မ်ား၌ ေစာင့္ၾကည့္ ခံေနရသည္ဟု ခံစားရျခင္း

၂။ အခန္းတြင္း အပူခ်ိန္ ထူးဆန္းစြာ ႐ုတ္တရက္ ေျပာင္းလဲ သြားသကဲ့သို႔ ခံစားရျခင္း

၃။ အိမ္အသုံးအေဆာင္ ပစၥည္းမ်ား ထူးဆန္းစြာ ေပ်ာက္ဆုံး သြားကာ မူလထားသည့္ ေနရာ မဟုတ္ဘဲ အျခား တေနရာတြင္ ျပန္ေတြ႕ျခင္း

၄။ လွ်ပ္စစ္မီး ျပႆနာမ်ား ႀကဳံေတြ႕ရျခင္း (ဥပမာ – မီးမ်ား အလိုအေလ်ာက္ ဖြင့္၊ ပိတ္ျခင္း) ၊ လွ်ပ္စစ္ပစၥည္းမ်ား အလုပ္ မလုပ္ျခင္း (သို႔မဟုတ္) တလြဲတေခ်ာ္ အလုပ္ လုပ္ျခင္း (ဥပမာ- မီးဖြင့္လွ်င္ ပိတ္ျခင္း၊ ပိတ္လွ်င္ ပြင့္ျခင္း)

၅။ ေလခြၽန္သံမ်ား၊ လမ္းေလွ်ာက္ သံမ်ား၊ တခုခု ျပဳတ္က်သံ၊ သင္၏ အမည္ကို ေခၚလိုက္ သံမ်ိဳး ၾကားရျခင္း

၆။ မ်က္လုံးေထာင့္တြင္ အရိပ္ (သို႔မဟုတ္) လႈပ္ရွားမႈ တခုခုေတြ႕လိုက္ျခင္း

၇။ လက္ျဖင့္ တေယာက္ေယာက္ ထိကိုင္လိုက္ သကဲ့သို႔ ခံစားရျခင္း

၈။ အိမ္အတြင္း ရေနက် မဟုတ္သည့္ ေရေမႊးနံ႔၊ ပန္းနံ႔၊ စီးကရက္နံ႔၊ အစား အေသာက္နံ႔၊ အပုပ္နံ႔ ရျခင္း

၉။ နံနက္လင္းအားႀကီး ၃ နာရီမွ ၄ နာရီ အၾကား ႐ုတ္တရက္ လန႔္ႏိုးလာကာ ထိတ္လန႔္ ေျခာက္ျခားေန တတ္ျခင္း

၁၀။ ေနအိမ္၏ ေနရာတခုသို႔ ေရာက္လွ်င္ အေၾကာင္း မရွိဘဲ ဝမ္းနည္း သလိုလို၊ ေသာက ေရာက္ေနသလို ခံစားရျခင္း

အထက္ေဖာ္ျပပါ အခ်က္မ်ားမွ တခုခုျဖစ္ေပၚေနၿပီ ဆိုပါက သင္၏ ေနအိမ္တြင္ တေစၦသရဲ ေနရွိၿပီ ဟူသည္မွာ ေသခ်ာေၾကာင္း ပရေလာက သုေတသီတို႔က ေျပာၾကား ထားသည္။

Cherie (shweinnlay)