မိ ဘကိုလုပ်ကျွေးမဲ့စိတ်ဓါတ်ကိုထားပီး တိုင်းတစ်ပါးကို ရောက်ခဲ့တယ် အချစ်တစ်ခုနဲ့ ဒီလိုဆုံးဖြတ်ချက်ချတာ အရမ်းမှားတယ် အချစ်အတွက်စွန့်စားတာကိုတော့ ဂုဏ်ယူပါတယ်။

ဒါပေမဲ့ ညီမလေးဘဝမှာ ကိုယ့်ကိုယ်ချစ်တဲ့သူတွေက ကိုယ့်ချစ်သူပဲရှိတာမဟုတ်ဘူးဆိုတာ မမေ့လိုက်နဲ့အုန်းလေ ကိုယ့်ကိုအရမ်းချစ်တဲ့လူတွေ ကိုယ့်မိဘ မောင်နှမ ဆွေမျိုးအသိုင်းအဝိုင်းတွေ ရှိတယ် ညီမလေး…

တိုင်းတစ်ပါးမှာ အသက်မရှိတော့ဘူး ဆုံးသွားပြီးဆိုတဲ့ သတင်းက ရွာမှာညီမလေးရဲ့ အဖေ အမေ မောင်နှမတွေရဲ့ ရင်ထဲမှာ ပူပင်သောက ဘယ်လောက်တောင် ခံစားရမလဲဆိုတာ ညီမလေး သိလား…

ဖြစ်ရပ်မှန် သေဆုံးသူ နာမည် (နန်းကျံင်ပါဘောင်) အသက် ၂၄ နှစ်

နေရပ် ဝက်တခုန်ကျေးရွာ ကြာအင်းဆိပ်ကြီးမြို့နယ်

ရည်းစားနဲ့ရန်ဖြစ်ပြီး မြက်သတ်ဆေး ၅ ခွက်ကို သောက်လိုက်မိတော့ အတွင်းပိုင်း Acute liver Faiwer / Paraquat Poisoning အဆုတ် အအူ အသဲ ပျက်စီးခဲ့တယ် ဆေးရုံတင်ပြီး 12 နာရီခန့်အကြာမှာပဲ အသက်ဆုံးလိုက်ပါတယ်။

ဒီစာရေးဖြစ်တဲ့အကြောင်းရင်းက နောင်လာ နောင်သား ညီလေး ညီမလေးတွေ သတိပေးစေချင်လို့ပါ အချစ်တစ်ခုနဲ့ဘဝကို အရှုံးမပေးမိစေနဲ့။

Credit