ပဲ ခူးတိုင်းဒေသကြီးညောင်လေးပင်မြို့ကြံဘိုကုန်းကျေးရွာရှိ အမျိုးသမီးတစ်ဦး(အမည်မဖော်လိုသူ)ထံမှ မေ့ဆေးဟုယူဆ‌ရသော အရာဖြင့်လက်‌ ကောက်ဝတ်‌ နေရာအားထိုးသွင်းခံရသောကြောင့် အတိတ်မေ့ကာ ၎င်းဝတ်ဆင်ထားသောရွှေထည်ပစ္စည်းများအား အမည်မသိလူတစ်ဦး(အမျိုးသမီး)မှ ချွတ်ယူသွားကြောင်း ၄င်းမိသားစုဝင်များထံမှသိရသည်။

ဖြစ်စဉ် မှာဖေါ်ဖော်ဝါရီ ၂၇ ရက်နံနက်၁ဝနာရီဝန်းကျင်အချိန်က ၎င်းအမျိုးသမီးသည်ကြံဘိုကုန်းကျေးရွာရှိနေအိမ်မှ ညောင်လေးပင်မြို့သို့ ဆိုင်ကယ်ကယ်ရီဖြင့်ဈေးဝယ်ရန်ထွက်လာစဉ် ငွေလိုသဖြင့်မြို့တွင်းရှိရွှေဆိုင်တဆိုင်‌ ရှေ့တွင် ဆိုင်ကယ်မောင်းနှင်သူမှ ဆိုင်ကယ်‌ပေါ်မှ ချထားပေးခဲ့ပြီး ၎င်းသည် ရွှေဆိုင်အတွင်းသို့ ဝင်‌ရောက်ကာ ၎င်းဝတ်ဆင်ထားသော လက်ကောက်အားငွေကျပ်(၃)သိန်းဖြင့်ပေါင်နှံကာ ဆိုင်အတွင်း‌မှ‌ဈေးဝယ်ရန် ပြန်ထွက်လာစဉ် အမည်မသိအမျိုးသမီးတစ်ဦးမှအနောက်မှလိုက်လာကာ ၎င်းပုခုံးအားပုတ်ဖက်ပီးချိန်တွင် သတိလက်လွှတ်ဖြစ်ကာ ထိုအမျိုးသမီးခေါ်ဆောင်ရာ‌ နောက်သို့လိုက်ပါသွားခဲ့ကြောင်း သိရသည်။ ထို့နောက်မြို့တွင်းလမ်းကြားတစ်နေရာအရောက်တွင် ၎င်းဝတ်ဆက်ထား‌ သောရွှေထည်ပစွည်းများအား ချွတ်ယူသွားခဲ့ကြောင်းသိရသည်။

ထို့သို့ချွတ်ယူသွားခဲ့ပြီးနောက် ၎င်းမှာမြို့တွင်းလမ်းမကြီးပေါ်တွင် တစ်ယောက်ထဲ လှည့်ပတ်သွားလာနေရင်း ၎င်းရွာရှိ လူတစ်ဦးမှတွေ့မြင်ကာ လှမ်းနှုတ်ဆက်ခေါ်သော်လည်း စကားတခွန်းမျှပြန်မ‌ပြောပဲကြောင်တောင်တောင်ဖြစ်နေသည်ကိုတွေ့ရှိသဖြင့် ၎င်းမိသားစုဝင်များထံသို့အကြောင်းကြားကာ မိသားစုဝင်များမှရောက်ရှိလာစဉ် ၎င်းဝတ်ဆင်ထားသောရွှေဆွဲကြိုး နှင့်ဆွဲသီး(၁) လက်စွပ်(၁) ရွှေဆိုင်မှပေါင်နှံရရှိသောငွေ(၃)သိန်းနှင့်အတူစုစုပေါင်းကာလတန်ဘိုးငွေကျပ်သိန်း(၂၀)ဝန်းကျင်ခန့်ရွှေထည်ပစ္စည်းများမှာ ၎င်းခန္ဓာကိုယ်တွင်မ‌ တွေ့ရှိရတော့သဖြင့် မိသားစုဝင်များမှနေအိမ်သို့ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ နေအိမ်သို့ပြန်လည်ရောက်ရှိစဉ်မိသားစုဝင်များက၎င်းအားပြန်လည်မေးမြန်းရာတွင်ငိုယိုကာမသိတစ်ချက်သိတစ်ချက်ဖြင့်အသိစိတ်မဲ့ကာစကားအနည်းငယ်မျှသာပြန်လည်ပြောဆိုနိုင်ကြောင်းသိရသည်။

၎င်း၏လက်ကောက်ဝတ်အကြောနေရာတွင်လည်းအပ်ဖြင့်(ထိုးသွင်းဒဏ်ရာဟုယူဆရသောအရာ)ညိုမည်းနေသည်ကိုလည်း ၎င်းမိသားစုဝင်များထံမှသိရသည်။

ယခုချိန်ထိ၎င်းမှာ အသိစိတ်ပျောက်ကာသတိပြန်လည်ရတစ်ချက်မရတစ်ချက်ဖြစ်နေပြီးဖြစ်စဉ်အား မိသားစုဝင်များမှချော့မောကာမေးမြန်းနေရကြောင်းနှင့် ဆေးဝါးများလည်းကုသနေရကြောင်း မိသားစုဝင်များ၏‌ ပြောပြချက်အရသိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လာရောက်အမှုဖွင့်လှစ်ထားခြင်း မရှိသေးဘူးလို့ညောင်လေးပင်မြို့မရဲစခန်းမှသိရသည်။

ကိုမျိုး(ညောင်လေးပင်) AlinnMyay(အလင်းမြေ)