နိင် ငံ ၇၀-နားကပ်သွားပါပြီ။ နောက် ၄-၅ရက်ဆို တစ်ရာကျော်သွားနိုင်ပြီး (ဒီနှုန်းနဲ့ဆို) မတ်လကုန် ဧပြီလဆန်းလောက်မှာ နိုင်ငံအားလုံးပျံ့သွားနိုင်ပါတယ်။ အမေရိကားမှာ နောက်တစ်ယောက်ထပ်သေပြီး California မှာ ဘယ်ကဘယ်လိုကူးမှန်း အဖြေရှာမရတဲ့ကေ့စ် ၄-ခုရှိနေတယ်။ ကာကွယ်ဆေးဟာ အစောဆုံးတောင် မေလကုန်လောက်မှလို့ ကြားနေရတယ်။

ဇွန်လဆန်းမှ စသုံးနိုင်မယ်ဆိုရင်တောင် ကိုယ်တွေဆီ ချက်ချင်းမရောက်နိုင်ဘူး။ ရောက်ရင်လည်း ကိုယ့်ဘာသာဝယ်ထိုးရမှာလား။ WHO အစီအစဉ်နဲ့ထိုးပေးမှာလား မသေချာပြန်ဘူး။ထိုးနိုင်မယ့်ကာလရောက်ဖို့ကလည်း အနည်းဆုံးတောင် ၄-၅လ လိုအုံးမယ်။ မပေါ့ဆကြပါနဲ့တော့။ ဖြစ်မှဝိုင်းကုမယ်ဆိုတာထက် လုံးလုံးမဖြစ်အောင်၊ ပိုးတွေဝင်မလာအောင် အမျှော်မြင်ကြီးစွာ ကြိုတင်ကာကွယ်ဖို့လိုပါတယ်။

မနေ့တစ်နေ့ကမှ ဗိုင်းရပ်ကေ့စ်ထဖြစ်တဲ့ အီရန်ဟာ လူသေနှုန်းမှာ ဂျပန် ကိုရီးယား အီတလီကိုကျော်တက်ပြီး ဗိုလ်စွဲသွားပြီ။ ဘာကြောင့်လဲဆိုတော့ သူတို့ဆီက ကျန်းမာရေးစံနစ်ညံ့ဖျင်းမှုနဲ့ ကိုင်တွယ်ပုံ ပေါ့ဆတာကြောင့်ပါ။ ဘုရားကျေးဇူးကြောင့် ပိုးမတွေ့ဘူးအော်နေတဲ့ အင်ဒိုလည်း ဗိုင်းရပ်လူနာ ၂-ဦးစတွေ့ပါပြီ။

ကိုယ်တွေရော. .၊ ဘယ်တော့လဲ? ဘယ်လိုလဲ? ပြီးတော့ . . ဘယ်လောက်လဲ? တွေးပူနေရပါတယ် 😭

6န6နာ် ၀၂၀၃၂၀ ၁၄:၂၂