The Voice Myanmar Season 2 မွာေ တာ့ အကောင်ဆုံးသီဆိုယှဉ်ပြိုင်ခဲ့ပြီး First Runner Up ရရှိခဲ့တဲ့ Paul Austin ကိုတော့ အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။ Paul ကတော့ Dancing With The Star ဆိုတဲ့ အစီအစဉ်တစ်ခုမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး First Runner Up ကိုလည်းရရှိခဲ့ပါသေးတယ်။

သူကတော့ ပြိုင်ပွဲဝင်ချိန်ကတည်း သရုပ်ဆောင်အလုပ်ကိုလည်း စိတ်ဝင်စားတယ်လို့ပြောထားသူတစ်ယောက်ဖြစ်ပေမယ့် သီချင်းသီဆိုမှုဘက်ကိုပဲ အာရုံထားပြီး လုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပါတယ် ။ လတ်တလောမှာတော့ သီချင်းတွေဆက်တိုက်ဆိုသလိုထွက်ရှိနေသူတစ်ယောက်ပါ။အဆိုတော် Paul Austin ကချစ်ရတဲ့ပရိသတ်တွေကို မာနမရှိချစ်စရာကောင်းတဲ့ အပြုံလေးတွေနဲ့ ဆက်ဆံတတ်သူတစ်ယောက်ပါ။

ပရိသတ်တွေကလည်း သူကို သဲသဲလှုပ်ချစ်ကြပြီး လက်ရှိမှာလည်း Paul Austinအတွက် အမာခံ Fanများက သိန်း(၃၅၀)တန် ကားကို Suprise အနေနဲ့လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။Paul Austin ရဲ့ ပျှော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်….။

Credit
Source:Cele Gabar