တ ရုတ်ပြည်မှာ လူတစ်​ယောက်ကိုသေဒဏ်ပေးလိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ် မာဂျန်ဂို ဆိုသူဟာ February 6 ရက်နေ့က မီနီဗန်ကားမောင်းပြီး Luo Meng ရွာကိုသွားတယ်တဲ့။ Luo Meng ဆိုတာ မြန်မာပြည်အနီးက ယူနန်ပြည်နယ်ထဲမှာရှိတယ်။

တရုတ်မှာက ဇန်နဝါရီ ၂၄ ရက်နေ့မှာ မြို့ကြီးတွေကို ပိတ်ချပြီးကတည်းက မြို့တိုင်း ရွာတိုင်းလိုလိုမှာ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေ ရှိလာပါတယ်။

စက်ရုံတွေမှာလည်း အဲ့လိုဂိတ်တွေရှိပြီး နေရာတိုင်းလိုလို ဘယ်သွားသွားမလွတ်ပါဘူး။ စက်ရုံတွေမှာဆို လူတန်းခပ်ခွာခွာစီနိုင်အောင် ကြမ်းပြင်မှာ လူရပ်ရမယ့် အဝိုင်းနေရာတွေပါပြထားပါတယ်။ သဘောက အပြင်က လူစိမ်းတွေဆီကနေ ကိုယ့်ရပ်ရွာကို ရောဂါမကူးအောင် အတားအဆီး အစီအမံတွေ လုပ်ကြတာပါ။

မြန်မာပြည်မှာတောင် ၈၈ အရေးအခင်းကာလတုန်းက အဲ့လို လမ်းလုံခြုံရေး၊ ရွာလုံခြုံရေးဂိတ်တွေ ရှိခဲ့ဖူးပါတယ်။ အဲ့မှာ မာဂျန်ဂို က ဂိတ်က လုံခြုံရေးတွေနဲ့ ပူပေါင်းဆောင်ရွက်ခြင်းမရှိပါဘူးတဲ့။ သူနဲ့ပါလာတဲ့ သူကလည်း အတားအဆီးတွေကို ဖယ်ရှားပစ်ပါတယ်တဲ့။

အဲ့ဒီမှာ ရွာလုံခြုံရေးက ဖုံးနဲ့ ဗီဒီယိုရိုက်တော့ သူကသူသယ်လာတဲ့ အိပ်ဆောင်ဓားထုတ်ပြီး လုံခြုံရေး ရင်နဲ့ ဗိုက်ကိုထိုးပါသတဲ့။ အဲ့ဒါနဲ့ပြေးလာတဲ့ နောက်လုံခြုံရေးကိုပါထိုးသတ်ပါသတဲ့။ လုံခြုံရေး ၂ ယောက်လုံးဆေးရုံမှာ သေသွားပါတယ်။

လက်ယဉ်တယ်။ ထင့်ကနဲ့ရှိရင် လက်ပါ ဓားပါချင်ကြတဲ့သူတွေ သတိထားပေါ့ဗျာ။ “မိုက်တာကလွယ်ပါတယ်။ ဉာဏ်ရှိဖို့သာခက်တာပါ။” ကျနော့တသက်မှာ လူမိုက်တွေကို ကြုံဖူးပါတယ်။ အချိန်မှီမပြုပြင်သ၍ ဘယ်သူမှ ဇာတ်သိမ်းမကောင်းပါ။

ပြီးတော့ သူက သွားအဖမ်းခံခဲ့သော်လည်း တရုတ်တရားရုံးက ဒါဟာလွန်လွန်းတယ်ဆိုပြီး သေဒဏ်ချလိုက်ပါတယ်။

Richard Myo Thant