ကမ္ ဘာလှည့်ခရီးသွားတွေ ပါဝင်တဲ့ NV- Silver Spirit အပျော်စီးသင်္ဘောကို မြန်မာပိုင်နက်ထဲ ဝင်ခွင့်မပြုဖို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ရောဂါသယ်ဆောင်လာနိုင်တယ်လို့ ယူဆရတဲ့ ခရီးသွားတွေပါ လာနိုင်တဲ့အတွက် ဝင်ခွင့်မပြုဖို့ ဆုံးဖြတ်လိုက်တာလို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက RFA ကိုအတည်ပြုပြောပါတယ်။ ဝင်ခွင့်မပြုဖို့ မနေ့က ညွှန်ကြားစာရောက်တယ်လို့ သင်္ဘော ဆိုက်ကပ်ဖို့ စီစဉ်နေတဲ့ Myanmar Voyages International Tourism က ဦးသက်လွင်တိုးက ဆိုပါတယ်။ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို မတ်လ လေးရက်နေ့မှာ ဆိုက်ကပ်ဖို့ စီစဉ်ထားတဲ့ အဲဒီအပျော်စီးသင်္ဘောမှာ ခရီးသည် ၈၀၀ ကျော်ပါဝင်မှာဖြစ်ပါတယ်။

Silver Spirit ဟာ အမေရိကန်သင်္ဘောဖြစ်ပြီး စင်္ကာပူနိုင်ငံမှာ နောက်ဆုံးဆိုက်ကပ်ခဲ့ကာ အခု ထိုင်းနိုင်ငံ ဖူးခက်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အဲဒီသင်္ဘောဟာ ပြီးခဲ့တဲ့ ၂၀၁၉ နိုဝင်ဘာလက မြန်မာနိုင်ငံကို တစ်ကြိမ်ဆိုက်ကပ်ခဲ့ပြီး ဖြစ်ပါတယ်။ အပျော်စီးသင်္ဘော ဆိုက်ကပ်တာတွေကို နိုင်ငံအသီးသီးက တားမြစ်တာတွေရှိနေပြီး ပြီးခဲ့တဲ့ လကုန်ပိုင်းကပဲ ထိုင်ဝမ်က လာတဲ့အပျော်စီးသင်္ဘောမှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူတွေ ပါလာတယ်ဆိုတဲ့ သတင်းတွေကြောင့် ဟောင်ကောင်နိုင်ငံက ကမ်းကပ်ခွင့် မပြုခဲ့ပါဘူး။ ဖေဖော်ဝါရီလက ဂျပန်နိုင်ငံကို ဆိုက်ရောက်တဲ့ အပျော်စီးသင်္ဘောပေါ်က ခရီးသည်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူတွေ တွေ့ရှိထားတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

RFA Burmese

ကမၻာလွည့္အေပ်ာ္စီးသေဘၤာ ျမန္မာမွာ ဆိုက္ကပ္ခြင့္မျပဳ

ကမာၻလွည့္ခရီးသြားေတြ ပါဝင္တဲ့ NV- Silver Spirit အေပ်ာ္စီးသေဘၤာကို ျမန္မာပိုင္နက္ထဲ ဝင္ခြင့္မျပဳဖို႔ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနက ဆုံးျဖတ္လိုက္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး ေရာဂါသယ္ေဆာင္လာႏိုင္တယ္လို႔ ယူဆရတဲ့ ခရီးသြားေတြပါ လာႏိုင္တဲ့အတြက္ ဝင္ခြင့္မျပဳဖို႔ ဆုံးျဖတ္လိုက္တာလို႔ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉး ဦးျမင့္ေထြးက RFA ကိုအတည္ျပဳေျပာပါတယ္။ ဝင္ခြင့္မျပဳဖို႔ မေန႔က ၫႊန္ၾကားစာေရာက္တယ္လို႔ သေဘၤာ ဆိုက္ကပ္ဖို႔ စီစဥ္ေနတဲ့ Myanmar Voyages International Tourism က ဦးသက္လြင္တိုးက ဆိုပါတယ္။

ရန္ကုန္ၿမိဳ႕ သီလဝါဆိပ္ကမ္းကို မတ္လ ေလးရက္ေန႔မွာ ဆိုက္ကပ္ဖို႔ စီစဥ္ထားတဲ့ အဲဒီအေပ်ာ္စီးသေဘၤာမွာ ခရီးသည္ ၈၀၀ ေက်ာ္ပါဝင္မွာျဖစ္ပါတယ္။ Silver Spirit ဟာ အေမရိကန္သေဘၤာျဖစ္ၿပီး စကၤာပူႏိုင္ငံမွာ ေနာက္ဆုံးဆိုက္ကပ္ခဲ့ကာ အခု ထိုင္းႏိုင္ငံ ဖူးခက္ကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။ အဲဒီသေဘၤာဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ႏိုဝင္ဘာလက ျမန္မာႏိုင္ငံကို တစ္ႀကိမ္ဆိုက္ကပ္ခဲ့ၿပီး ျဖစ္ပါတယ္။ အေပ်ာ္စီးသေဘၤာ ဆိုက္ကပ္တာေတြကို ႏိုင္ငံအသီးသီးက တားျမစ္တာေတြရွိေနၿပီး ၿပီးခဲ့တဲ့ လကုန္ပိုင္းကပဲ ထိုင္ဝမ္က လာတဲ့အေပ်ာ္စီးသေဘၤာမွာ ကို႐ိုနာဗိုင္းရပ္စ္ သံသယရွိသူေတြ ပါလာတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ ေဟာင္ေကာင္ႏိုင္ငံက ကမ္းကပ္ခြင့္ မျပဳခဲ့ပါဘူး။ ေဖေဖာ္ဝါရီလက ဂ်ပန္ႏိုင္ငံကို ဆိုက္ေရာက္တဲ့ အေပ်ာ္စီးသေဘၤာေပၚက ခရီးသည္ေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးရွိသူေတြ ေတြ႕ရွိထားတယ္လို႔ ႏိုင္ငံတကာသတင္းေတြမွာ ေဖာ္ျပထားပါတယ္။

RFA Burmese