မတ် လ (၁) ရက် နေ့ အဖွင့်ကတော့ သိပ်မလှပါဘူး…

ထိုင်း မှာ သွေးလွန်တုပ်ကွေး နဲ့ ဝူဟန် အတွင်းဒဏ် ၂ မျိုးပေါင်းစပ်ပြီး king power duty free ဆိုင်က အရောင်းစာရေး ဆုံးသွားပါတယ်.. အသက် ၂၁ ပဲရှိသေးပြီး ကိုရိုနာဗိုင်းရပ်စ် အပေါင်းကနေ တောင် အနုတ် ဖြစ်သွားပြီးမှ multiorgan failure နဲ့ ဆုံးတာပါ…

အမေရိကား မှာရော ဩစတေးလျ မှာရော လူသေတာတွေ စပါပြီ..

“အသံတူလာသော အမေရိကန်များ”

အမေရိကန် ဝူဟန် နှိမ်နင်းရေး ဂိုဏ်းချုပ် ဒုသမ္မတ မိုက် နဲ့ ဗို်င်းရပ်စ်ဂုရု ဒေါက်တာ ဖော်ဆိုင်း တို့ အဆင်ပြေသွားပုံပါပဲ.. လေသံ တသံတည်းထွက်လာပါတယ်.. ပို သေနိုင် ပါတယ်ဆိုပြီး ဒါဟာ အမေရိကန်ပီသတာ ကိုပြောတာပါ.. နိုင်ငံရေးသမားရော အုပ်ချုပ်သူရော ပညာရှင်ရော ဘယ်သူက ဘယ်သူအထက်မှာမှ မရှိပါဘူး.. ကိုယ်ပိုင်တယ်ထင်ရင် ကြိုက်တာပြော လို့ရတယ် ပြောပြီးရင်တော့ တာဝန်ယူရမဲ့သဘောပါ..

ထရမ့်ကတော့ အမေရိကားကို ဦးတည်ပျံလာမဲ့လေယာဉ် တွေ ကို pre departure screening လုပ်ဖို့ ပြောလိုက်ပါပြီ.. ဝူဟန် အတွင်းဒဏ် ထိ နို်င်ငံကလူတွေက ဒုက္ခသည် စခန်းက လူတွေတီဘီ ရှိမရှိစစ်ရသလို ခရီးသည်တွေ ဆီမှာ ဝူဟန် သိုင်းသမား တွဲပါလာမလာကို ကြိုစစ်ရပါတော့မယ်.. အသေးစိတ်ပြောမသွားပေမဲ့
Pre Transit Arrival screening တွေ လုပ်နိုင်တဲ့ တခုတည်းသော နိုင်ငံက အမေရိကားပါ…

သူတို့ ရဲ့ epidemiology concept က စစ်ရေးအမြင်နဲ့ အမြဲ ဆောင်ရွက်ပါတယ်.. proactive and offensive ဆိုတဲ့ ကြိုတင်လက်ဦးမှု ရယူလေ့ ရှိပါတယ်.. အီရတ် တို့ အာဆမ် တို့က သက်သေပြပြီးသားဆိုတော့အထူးမပြောတော့ပါဘူး.. စစ်ရေးမှာ အောင်မြင်ပေမဲ့ ကိုယ်ပျောက် ကိုဗစ် ၁၉ ကို နှိမ်နင်းတဲ့နေရာမှာ အဆင်ပြေမပြေကတော့ အချိန်ကစကားပြောသွားမှာပါ…

ဝမ်းသာစရာကတော့ ပြဿနာတွေတက်နေတဲ့ test kits တွေ အဆင်ပြေပြီး ခုရေ ၅သောင်းခန့်လာပါတော့မယ်တဲ့.. ပြင်ပဆေးကုမ္ပဏီတွေနဲ့ပါလက်တွဲလုပ်ဆောင်နေပါတယ်တဲ့…

“ပွဲကြမ်းနေတဲ့ တရုတ်”

မြန်မာနဲ့ကပ်ရပ် ယူနန် မှာ ခရီးသည်တယောက်က Check point မှာ ကျန်းမာရေးဆေးစစ်တာကို လက်မခံပဲ စစ်ဆေးသူ ၂ယောက်ကိုပါ ဓားနဲ့ ထိုးသတ် ပြီး အဖမ်းခံပေမဲ့ တရားရုံးက ထိုသူကို သေဒဏ် ချမှတ်လိုက်ပါတယ်.. တရုတ်မှာ ဒီထက် ပွဲကြမ်းတာတွေ အများကြီးကျန်ပါသေးတယ်.. လူပေါတော့လည်း ကြမ်းနိုင်တာပေါ့လေ..

“မြောက်ကိုရီးယား”

ဝူဟန်ကပြန်လာတဲ့ကုန်သွယ်ရေားအရာရှိ တယောက် ဝူဟန် သံသယ အဖြစ် ထိန်းသိမ်းခံထားနေရာကနေ အများသုံးအိမ်သာသုံးမိလို့ပစ်သတ်လိုက်တဲ့ မြောက်ကိုရီးယားကအခု လူပေါင်း ၃၉၂၀ ကိုကွာရန်တင်းလုပ်ထားပြီး ၇၀၀၀ ကျော်ကို စောင့်ကြည့်နေပါတယ်ဆိုပြီး တရားဝင်ထုတ်ပြန်သွားပါတယ်.. သူတို့ အစား ကျောချမ်းလိုက်တာနော်…

“ပထမဆုံး ဝူဟန် ဒဏ်ထိ ပြည်ပရောက်မြန်မာ (သို့) စလုံး ကေစ့် နံပတ် ၁၀၄”

စင်္ကာပူ အစိုးရကြေငြာတဲ့ ဝူဟန် ဒဏ်ထိ လူနာသစ် ၄ ယောက်ထဲမှာ စလုံးမှာ အိမ်အကူအလုပ်လုပ်နေတဲ့ ကေစ့် နံပါတ် ၁၀၄ နဲ့ မြန်မာတယောက်ပါလာပါတယ်.. ဝူဟန် ရော တရုတ်ရော ဒေဂူးရော မရောက်ဖူးပါဘူး.. သူ့အိမ်ရှင် ကေစ့်နံပါတ် ၁၀၃ ဆီက ကူးတာဖြစ်ဖို့များပါတယ်.. နံပါတ်တွဲကပ်ရပ်ဆိုတော့ မြန်မာဆိုပြီး ကြံ့ကြံ့ခံနေတဲ့ ပြည်ပရောက်မြန်မာ အပြင်စည်း တထပ် စပြိုပါပြီ.. မြန်မာနဲ့အတူ စလုံး ကဘင်္ဂလားတွေလဲ ပါပါတယ်.. (ဒီနှစ်တွေက သူတို့နဲ့ ရေစက်ကို မကုန်နို်င်ဘူး) သို့သော်ငြားလည်း အဆိုးထဲက အကောင်းဆိုသလို စင်္ကာပူ မှာ ကုသမှုခံယူရမှာဖြစ်တဲ့အတွက် ကံကောင်းမှာပါ…

Dr. Nyan Win Phyo