စင် ကာပူ PR တရုတ်နိုင်ငံသား စုံတွဲကို စင်ကာပူအစိုးရက ဖေဖော်ဝါရီ ၂၈ မှာ တရားစွဲလိုက်ပါတယ်။ စင်ကာပူက SARS မှာခံလိုက်ရတဲ့ သင်ခန်းစာကိုယူပြီး COVID-19 မှာ အသေအချာကိုင်ပါတယ်။

ဖြစ်ပုံက တရုတ်ပြည်ဝူဟန်မြို့က Hu Jun အသက် ၃၈ နှစ်ဟာ January 22 မှာ စင်ကာပူကိုရောက်ပါတယ်။ သူက Singapore PR card အမြဲတမ်းနေထိုင်ခွင့် ကိုင်ထားသူပါ။ သူ့မိန်းမ Shi Sha က စင်ကာပူမှာနေပါတယ်။ Hu Jun က January 31 မှာ COVID-19 positive ဖြစ်ပါတယ်။ သူ့မိန်းမ Shi Sha က အနီးကပ်ထိတွေ့သူအဖြစ် Feb 1 မှာ quarantine အမိန့်ထုတ်ပါတယ်။

စင်ကာပူ SGH ဆေးရုံမှာ Hu Jun ကို သူဘယ်တွေသွားခဲ့သလဲမေးတဲ့အချိန်မှာ သူကလိမ်လည်ဖြေခဲ့ပါတယ်တဲ့။ သူပြောတာက Jan 22 သူရောက်ကတည်းက အဲ့ညမှာ Ion Orchard မှာ ညစာစားတယ်။ သူ့အိမ် Loft-Nathan ကွန်ဒိုအနားတဝိုက် Jan 24 မှာလမ်းလျှောက်တယ်။ ကျန်တဲ့အချိန်တွေမှာ Jan 22 ကနေ Jan 29 အထိ အိမ်ထဲမှာပဲ နေပါတယ်တဲ့။

နောက်မှဒါဟာ မဟုတ်ဘူးဆိုတာ ပြန်ဖော်လို့ သိလာရပါတယ်တဲ့။ သူ့မိန်းမကလည်း Loft-Nathan အိမ်မှာ Jan 31 ကနေ Feb 12 အထိနေဖို့ အမိန့်ထုတ်ထားပေမယ့် သူမ Hotel မှာသွားနေခဲ့တာ ပေါ်လာပါတယ်။ သူ့မိန်းမက အိမ်နံပါတ်အလိမ်ကိုလည်း ပြောခဲ့ပါတယ်။ သူတို့အိမ်နံပါတ်က 05-10 ဖြစ်ပြီး သူက 05-23 လို့ညာခဲ့ပါတယ်။ 05-23 ကလူတွေနဲ့က သူကသိတောင်မသိပါဘူးတဲ့။

သူကဘာထပ်ညာသေးသလဲဆိုတော့ Jan 29 သူ့ယောက်ျားနဲ့ ဆေးရုံသွားချိန်မှာ အိမ်အောက်ကနေ Taxi ခေါ်ပြီးသွားခဲ့တာပါတဲ့။ Feb 3 ရက်နေ့ သူတို့ Contact လုပ်ခဲ့တာတွေကို လိုက်ရာမှာ သူမက ၂ ခါတိတိ Taxi နဲ့ SGH ကို သွားခဲ့တယ်ပဲ ပြောခဲ့ပါတယ်။

စင်ကာပူက COVID-19 ကို တယောက်မကျန်အသေအချာ ဖမ်းဖို့လုပ်တော့ လိုက်ရင်းနဲ့ သူလိမ်ပြောခဲ့တာတွေ ပေါ်လာပါတော့တယ်။

ပြည်သူ့ကျန်းမာရေးထိခိုက်နိုင်သည့် လိမ်လည်မှု (ကူးစက်ရောဂါအက်ဥပဒေ) နဲ့ တယောက်ကို အမြင့်ဆုံး ငွေဒဏ်မြန်မာငွေ သိန်း တရာကျော်စီနဲ့ ထောင် ဒဏ် ၆ လ (သို့) ၂ ရပ်လုံး ကျခံရနိုင်ပါတယ်။ ထို့အပြင် အမြဲတမ်းနေထိုင်ခွင့် ရုပ်သိမ်းခံရပြီး နယ်နှင်ခံရနိုင်ပါတယ်။

“ကျနော်တို့ ဘာသင်ခန်းစာရသလဲ”

စင်ကာပူမှာ ဒီလိုကပ်ဘေးကိစ္စမျိုး၊ terrorism လိုမျိုးက အသေအချာကိုင်ပါတယ်။ နည်းနည်းမှ လိမ်လို့မရပါ။ ဘာကြောင့်လိမ်သလဲကို ကျနော့်အထင်ပြောရင် အရှေ့အာရှသားတွေရဲ့ တခုခုဆိုဖုံးကွယ်တတ်တဲ့အကျင့်ကြောင့်လို့ မြင်ပါတယ်။ ပြီးတော့ သူ့အိမ်မှာ တယောက်ယောက်နေနေတာကို quarantine မထိစေချင်တာ၊ (သို့) အိမ်မှာတခုခုဖုံးကွယ်ချင်တာ ရှိလို့လို့လည်း ဖြစ်နိုင်ပါတယ်။

နောက်ပြီးတော့ ဆေးရုံလိုက်ပို့တဲ့သူကို ဖုံးကွယ်ချင်တာကြောင့် Taxi နဲ့သွားတယ်လို့ လိမ်ပုံရပါတယ်။ သူတို့ကို March 20 မှာ ဆက်စစ်ဆေးဖို့ တရားသူကြီးက အမိန့်ထုတ်ထားပါတယ်။

နောက်တယောက်ကိစ္စလည်း ပြောပါအုံးမယ်။

Singapore PR တရုတ်တယောက်ဟာ Feb 20 မှာ စင်ကာပူကိုရောက်ပါတယ်။ သူ့မှာ တရုတ်ပြည်ကို ၁၄ ရက်အတွင်းသွားထာတာတွေ့တာမို့ စင်ကာပူအဝင်မှာ ICA လူဝင်မှုကြီးကြပ်ရေးက 14 ရက် quarantine အမိန့်ထုတ်ပါတယ်။

သူက Feb 20 နဲ့ Feb 23 ကြားမှာ ဖုံးတွေခေါ်တာလည်းမကိုင်၊ သူ့လိပ်စာလို့ပြောထားတဲ့နေရာမှာလည်း သွားစစ်လည်း မတွေ့ပါဘူးတဲ့။ သူ့ကို Feb 23 မှာ Changi လေဆိပ်မှာ စင်ကာပူကထွက်ခွာဖို့လုပ်နေတာ မိတဲ့အတွက် 14 ရက် quarantine မခံရင် အရေးယူမယ် သတိပေးတာကိုလည်း သူက တရုတ်ပြည်ပြန်မယ်ပဲ အတင်းလုပ်ပါတယ်တဲ့။

အဲ့ဒါနဲ့ သူ့ရဲ့ အမြဲတမ်းနေထိုင်ခွင့် PR ကို ပြန်ရုပ်သိမ်းလိုက်ပြီး စင်ကာပူဝင်ခွင့်ပိတ်ပင်လိုက်ပါတယ်။ အများပြည်သူ ကျန်းမာရေးထိခိုက်နိုင် ရင် စင်ကာပူမှာ သေချာကိုင်တွယ်ပါတယ်ခင်ဗျား။

Richard Myo Thant
2-Mar-2020