အ ဆိုတော် အာဘွိုင်းကတော့ လူငယ်ပရိသတ်တွေရဲ့ အခိုင်အမာအားပေးဝန်းရံမှုနဲ့အတူ နာမည်ရပြီး ရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။ အဆိုတော်လွှမ်းပိုင်နဲ့အတူ တွဲဖက်သီဆိုခဲ့တဲ့ အာဘွိုင်းရဲ့ ”ဒုတိယလူ” သီချင်းကလည်း ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဘွိုင်းက အနုပညာအလုပ်တွေထက် မိသားစုကိုအချိန်ပေးပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

အာဘွိုင်းက မင်းသမီးချောလေး မြတ်ရတနာကျော်နဲ့ ထိမ်းမြားလက်ထပ်ပြီး သမီးချောလေးတစ်ယောက် ထွန်းကားခဲ့တာ ဖြစ်ပါတယ်။ အများကအားကျရတဲ့ ဇနီးမောင်နှံဘဝကို ပိုင်ဆိုင်ထားတဲ့ အာဘွိုင်းတို့စုံတွဲလေးကတော့ မကြာခဏဆိုသလို ခရီးတွေထွက်လေ့ရှိတာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း အာဘွိုင်းတို့ဇနီးမောင်နှံက ပုဂံမြို့ကိုသွားရောက်ပြီး မိုးပျံပူဖောင်းကြီးစီးကာ ပျော်ရွှင်ခဲ့ကြပါသေးတယ်။

အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့စုံတွဲလေးကတော့ မိုးပျံပူဖောင်းကြီးစီးရင်း အပေါ်ကနေ ပုဂံမြို့ရဲ့အလှတရားတွေကို ရှုစားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အာဘွိုင်းက ချစ်ဇနီးချောလေးနဲ့အတူ အားကျချင်စရာကောင်းလောက်အောင် Romantic ဆန်ဆန်ကြည်နူးခဲ့တာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Credit