ပ ရိသတ်ကြီးရေ .. ပရိသတ်တွေအားပေးချစ်ခင်ကြတဲ့ ကလေးသရုပ်ဆောင်တွေထဲက အိစိကွေးလေးဟာလည်း တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်..။ အိစိကွေဟာ ကလေးဘဝထဲက ငိုခန်းတွေပိုင်နိုင်သလို သရုပ်ဆောင်ကောင်းလွန်းတဲ့ ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်နော်..။ ကလေးဘဝထဲကနေ သရုပ်ဆောင်လာခဲ့တဲ့ အိစိကွေးက အခုဆိုရင် လူပျိုပေါက်အရွယ် ချောမောတဲ့ ကောင်လေးတစ်ယောက်ဖြစ်နေပါပြီ..။

အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို ချောမောလာတဲ့ ရုပ်ရည်ကြောင့် ပရိသတ်တွေက အိစိကွေးရဲ့ အချစ်ရေးကိစ္စလေးတွေကို စိတ်ဝင်စားနေကြတာပါ..။ လက်ရှိမှာ တစ်ယောက်တည်း Single ဘဝနဲ့ပဲ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ အိစိကွေးဟာ အချစ်ရေးမှာ ကံမကောင်းတဲ့အကြောင်းလေးကို ဖေဖော်ဝါရီလ (၂၉)ရက်နေ့က သူ့ရဲ့ မိုင်ဒေးမှာ တင်လာခဲ့ပါတယ်..။ သူငယ်ချင်းဖြစ်သူရဲ့အမေးကို ပြန်ဖြေထားတဲ့ မှတ်ချက်လေးကို ScreenShot ရိုက်ကာ တင်လာခဲ့တာပါ..။

ပုံထဲမှာတော့ “နောက် (၄)နှစ်ကြာရင်ရော မင်းရည်းစား အတည်ရဦးမှာလား ငါ့ညီ..။ အပျော်လာလာကြုံနေကြတာကိုဗျာ..။ အတည်လည်း လာမချစ်ကြဘူးလေ..။ ကိုယ့်ဘက် အတည်ဆိုပြီး ဖြစ်ပြီဆိုရင် တလွဲတွေ ဖြစ်ဖြစ်သွားတာမျိုး..” ဆိုပြီး သူငယ်ချင်းဖြစ်သူရဲ့ အမေးကို ပြန်လည်ဖြေထားတာပဲဖြစ်ပါတယ်..။ အိစိကွေးကတော့ ရုပ်ရည်ချောမောလို့ ရည်းစားတွေ ထားကာ အနုပညာအလုပ်တွေ မလုပ်နိုင်ဘဲ ဖြစ်မှာ စိုးရိမ်နေတဲ့ပရိသတ်တွေအတွက် သူ့ရဲ့ အချစ်ရေးအကြောင်းလေးကို ချပြလိုက်တာပါပဲနော် ပရိသတ်ကြီးရေ..။ ပရိသတ်ကြီးအတွက် အနုပညာအလုပ်တွေကြိုးစားလုပ်ကိုင်ရင်း Single လေး အိစိကွေးရဲ့ ပုံရိပ်လေးတစ်ချို့ကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Credit;Cele Connections