28.2.2020 ရက်ေ န့ နေပြည်တော်ကနေ မန်းလေးကို အမြန်လမ်းကနေအသွား နတ်မောက်လမ်းခွဲအကျော် မိုင်တိုင် 262-6 မှာ သားအမိ နှစ်ယောက် ကားကို တားတော့ ရပ်ပေးလိုက်ပြီး ….

အကျိုးအကြောင်း‌မေးတော့ မန်းလေးကို သွားချင်တာ မန်းလေးကတဆင့် မြစ်ကြီးနားကို သွားဖို့ လမ်း စရိတ်ပြတ်လို့ ပျော်ဘွယ်ကနေ လမ်းလျှောက်လာတာလို့ပြောတယ် ….

ကားကလည်း လူ (4)ယောက်နဲ့ ပစ္စည်းတွေများနေလို့ ရေသန့်တဗူးမုန့်ရယ် လမ်းစရိတ် (20000) ပေးခဲ့ပြီး ကားကို ဆက်မောင်းခဲ့တယ် ….ကားမောင်းရင်း သူတို့သားအမိ လိုင်းကားတွေကို မတားရဲရင် ကလေးလည်းပါနေတော့…

သားသမီးချင်း ကိုယ်ချင်းစာပြီး မိုင်တိုင် 266ကနေ ကားကိုပြန်လှည့်ပြီး သွားခေါ်ခဲ့တယ် မိတ္ထီလာယာဉ်ရပ်နားကွင်းမှာ မန်းလေးသွားမဲ့ မန္တလာမင်းကားမှ ကားဆရာတွေကို မန်းလေးအထိ ခေါ်သွားပေးဖို့ ကားခ (4000) နဲ့အတူ သေချာပြောပြအပ်ပေးခဲ့တယ်…

သူတို့သားအမိကို ကြည့်ပြီး တကယ့်ကို စိတ်မကောင်းဖြစ်မိတယ်….ဒီနေ့လည်း နေပြည်တော်ကနေ့ မုံရွာကို သွားတော့ သူတို့ သားအမိက အရင်နေ့က တွေခဲ့တဲ့ နေရာမှာပဲ ကားကို တားတယ် ….

ဟို့တနေ့က ကိစ္စကို အကျိုးအကြောင်းမေးကြည့် ကားဆရာက မတင်သွားလို့ ဆိုင်ကယ် ကယ်ရီနဲ့ ဒီနေရာကို ပြန်လာတယ်လို့ ‌‌‌ ‌‌‌ပြောတယ် ….အဲ့ဒါနဲ့ ပေးထားတဲ့ ပိုက်ဆံနဲ့ အခြားကားတွေနဲ မလိုက်ဘူးလား မေးတော့ ဝေ့လယ်ကြောင်ပတ်ဖြေပြီး ရှောင်ထွက်သွားတယ်….

အင်း……..ဒီလိုလူမျိုးတွေ‌ကြောင့် လမ်းမှာအမှန်တကယ် အခက်အခဲ ဖြစ်နေတဲ့သူတွေ အကူညီမဲ့မှာ စိုးမိတယ်……။

Credit Thar San Linn/Htet Aung