နှုတ် ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားကောင်းပြည့်နဲ့ မင်းသမီးချောလေး သန္တာဗိုလ်တို့ဟာ ပရိသတ်တွေအားကျရတဲ့ ဆယ်လီစုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်နော်..။ အမြဲလို ပျော်ရွှင်ကာ Tik Tok လေးတွေ အတူရိုက်တတ်တဲ့ ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ စုံတွဲလေးဟာ ချစ်စရာကောင်းလွန်းတဲ့ စုံတွဲတစ်တွဲလို့ ပြောရင်မှားမယ်မထင်ပါဘူး..။ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ပြီး မခွဲအတူ ပျော်ပျော်ပါးပါးနေထိုင်တတ်တဲ့ ကောင်းပြည့်နဲ့သန္တာဗိုလ်တို့စုံတွဲလေးဟာ ချစ်လာကြတဲ့ ချစ်သူသက်တမ်း(၈)နှစ်ထိ ရှိလို့နေပါပြီ..။

ဒီနေ့ မတ်လ(၁)ရက်နေ့မှာတော့ သန္တာဗိုလ်က သူမတို့ ချစ်သူနှစ်ဦးရဲ့(၈)နှစ်ပြည့် Anniversary နေ့လေးကို ချစ်သူနှစ်ဦးပုံရိပ်လေးတွေနဲ့ အမှတ်တရဖြစ်အောင် လုပ်ထားတဲ့ ဗီဒီယိုဖိုင်လေးကို “𝑯𝒂𝒑𝒑𝒚 (8) 𝒚𝒆𝒂𝒓𝒔 𝑨𝒏𝒏𝒊𝒗𝒆𝒓𝒔𝒂𝒓𝒚 𝒑𝒂𝒓 𝑲𝒐..(2013) ကဆိုခဲ့တဲ့ ကိုယ့်သီချင်းနဲ့ကိုယ်အမှတ်တရ လုပ်ပလိုက်တယ်” ဆိုပြီး သူမရဲက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ သန္တာဗိုလ်ကတော့ အချစ်တွေအပြည့်နဲ့ လုပ်ထားတဲ့ အမှတ်တရပေါင်းများစွာပါဝင်တဲ့ ဗီဒီယိုဖိုင်လေးကို သူမကိုယ်တိုင် ဆိုထားတဲ့သီချင်းလေးနဲ့ လုပ်လိုက်ပုံလေးက အိုင်ဒီယာကောင်းလွန်းပါတယ်နော် ပရိသတ်ကြီးရေ..။

ပရိသတ်ကြီးအတွက် သန္တာဗိုလ်ကိုယ်တိုင်လုပ်ထားတဲ့ သူမတို့ချစ်သူနှစ်ဦးရဲ့ အမှတ်ရပုံရိပ်လေးတွေပါတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ပရိသတ်ကြီးလည်း ဒီနေ့ မတ်လ(၁)ရက်နေ့မှာ ချစ်သူသက်တမ်း(၈)နှစ်ပြည့် သွားတဲ့ ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ စုံတွဲလေးအတွက်လည်း ရွှေလက်တွဲခိုင်မြဲစေမယ့် ဆုတောင်းစကားလေးတွေ ပြောပေးသွားပါဦးနော်..။

Credit;Cele Connections