ပ ရိသတ်ကြီးရေ မတ်လ (၁) ရက်နေ့ကတော့ နိုင်ငံကျော် ဟစ်ဟော့ အဆိုတော် လွှမ်းပိုင်ရဲ့ အသက် (၃၁) နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ (၃၀) ကျော်တန်းထဲဝင်လာပြီဆိုပေမယ့် လူငယ်လေးတစ်ယောက်လို နုပျို နေဆဲဖြစ်တဲ့ လွှမ်းပိုင်ကတော့ အသက် (၃၁) နှစ်လို့တောင်မထင်ရပါဘူးနော် ။ ဒီနေ့မှာ ကျရောက်တဲ့ လွှမ်းပိုင်ရဲ့ မွေးနေ့လေးမှာ တစ်နိုင်ငံလုံးက ချစ်ပရိသတ်တွေက မွေးနေ့ဆုတောင်းတွေ ပေးပြီး ဂုဏ်ပြုနေကြတာလည်းတွေ့ရပါတယ် ။

ဒါေ ပမယ့် ည (၁၂) နာရီကျော်ထဲက မွေးနေ့ဆုတောင်းပေးလိုက်တာကတော့ လွှမ်းပိုင်ရဲ့ချစ်ရတဲ့ မဟေသီလေး Bobby Soxerပါ ။ ချစ်သူသက်တမ်း (၁၀) နှစ်ကျော်လာပြီဖြစ်တဲ့ သူမတို့စုံတွဲကတော့ ပရိသတ်တွေအားလုံးအားကျ နေရတဲ့ စုံတွဲလေးဖြစ်ပြီး ဒီနှစ်မှာတော့ ထက်ထက်က သူမရဲ့ချစ်သူအတွက် ” Someone i love was born today I dont even know how much i am deeply blessed to have you around me “Happy Birthday မင်းသား ဆိုတဲ့ စာသားလေးနဲ့အတူ ရိုမန့်ဆန်ဆန် မွေးနေ့ဆုတောင်းလေးပေးခဲ့တာဖြစ်ပါတယ် ။ ပရိသတ်တွေကလည်း ထက်ထက်နဲ့အတူ လွှမ်းပိုင်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းလေးတွေ ပေးနေကြတာတွေ့ရပါတယ် ။

လွှမ်းပိုင်ရဲ့ အသက်(၃၁) နှစ်ပြည့်မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာထိ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက် အဖြစ်ပရိသတ်တွေချစ်ခင်ရတဲ့ သူဖြစ်ပြီး ချစ်ရတဲ့ မိသားစု ၊ ချစ်ရတဲ့ချစ်သူလေးနဲ့အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းသွားနိုင်ပါစေလို့ Cele Gabar မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။ လွှမ်းပိုင်ကိုချစ်ကြတဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးကလည်း မွေးနေ့ဆုတောင်းလေးတွေပေးခဲ့ကြပါဦးနော် ..။

Source : Htet Htet Aung
Emily ( Cele Gabar )