တစ် ချိန်က ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်တဲ့ ချစ်စရာမိန်းကလေး စမိုင်းလ်က လက်ရှိမှာတော့ မိသားစုလေးနဲ့အတူတူ သာယာပျော်ရွှင်စွာ နေထိုင်နေတာ ဖြစ်ပါတယ်။ စမိုင်းလ်က ခင်ပွန်းဖြစ်သူနဲ့အတူတူ စီးပွားရှာရင်း သမီးလေး နှစ်ယောက်ကို လိမ္မာရေးခြားရှိအောင် ပြုစုပျိုးထောင်ပေးနေတာ ဖြစ်ပါတယ်။ စမိုင်းလ်က အရင်ကလောက် အနုပညာလုပ်ငန်းတွေ မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေကတော့ အရင်ကအတိုင်း အားပေးချစ်ခင်နေဆဲ ဖြစ်ပါတယ်။

စမိုင်းလ် ကလက်ရှိမှာတော့ သူမရဲ့ သမီးလေး ပေါ်ရှာနဲ့ ကလိုဝီတို့ ကျောင်းပိတ်ရက်ခရီးစဉ်အဖြစ် တောင်ကိုရီးယားနိုင်ငံရှိ ဆိုးလ်မြို့မှာ လည်ပတ်နေတာပဲ ဖြစ်ပါတယ်။

စမိုင်းလ်က သူမရဲ့ မိသားစုနဲ့အတူတူ နှင်းပြင်ကြီးထဲမှာ နှင်းလျှောစီးခဲ့ပါသေးတယ်တဲ့။ မိုမိုလေးပရိသတ်တွေအတွက် စမိုင်းလ်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

စမိုင်းလ်တို့ ဇနီးမောင်နှံက ငွေကြေးရှာနိုင်တဲ့အပြင် သူတို့ပိုင်ဆိုင်တဲ့ငွေတွေကို ကုသိုလ်ရေးတွေ၊ အလှူအတန်းတွေနဲ့ မိသားစုပျော်ရွှင်စေတဲ့အကြောင်းအရာတွေအတွက် ကောင်းကောင်းအသုံးချနိုင်သူတွေ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ ကိုရီးယားမြေမှာ သမီးတွေနဲ့ တော်တော်လေး ပျော်ရွှင်နေပုံပါပဲနော်။ ပရိသတ်ကြီးလည်း စမိုင်းလ်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး