ခရက်ဒစ်
Unicode
လူတိုင်းသိရှိထားသင့်တဲ့ ကုသရန် ခက်ခဲသူများအတွက် အဖုအကျိတ် ပျောက်စေရန် နည်းလမ်း
စာဖတ်ပရိသတ်ကြီးကို ယခုတင်ဆက်မှာကတော့ လေူတိုင်းသိရှိထားသင့်တဲ့ ကုသရန် ခက်ခဲသူများအတွက် အဖုအကျိတ် ပျောက်စေရန်နည်းလမ်းကို တင်ဆက် ပေးလိုက်ပါသည်် …။
လက်တွေ့ကြုံမှ ဆေးမြီးတိုကို ယုံမိသည်။ အဖုအကျိတ်ဖြစ်၍ သိပ္ပံဆေးဝါးဖြင့် ကုသရန် ခက်ခဲနေသူများအား ထိလည်းထိရောက် ငွေကုန်ကြေးကျ နည်းပါးလှသည့် မြန်မာတိုင်းရင်းဆေးမြီးတို နည်းလေးအား ဝေငှပေးလိုက်ပါသည် …။
ဘေးထွက်ဆိုးကြိုးများလည်းမရှိပါသောကြောင့် စိတ်ချယုံကြည်စွာ သုံးနိုင်ပါသည်။ နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှ အဖုအကျိတ်အတွက် မန်ကျည်း၊ ထုံး၊ပျားကို သုံးကြမှ ထုတ်နုတ် ဖေါ်ပြပါသည် …။
ဆေးနည်းမှာ – (၁) ထုံး(ကွမ်းစားထုံး) ။ (၂) မန်ကျည်းမှည့်(အစေ့မပါ) ။ (၃) ပျားရည်စစ်
ထိုသုံးမျိုးကို အဖုအကျိတ် အရွယ်ပမာဏပေါ်မူတည်ပြီး ဆတူရော၍ လက်ဖဝါးပေါ်တွင် နာနာပွတ်ပြီး နယ်ပေးပါ …။
လက်ဖဝါးပေါ်တင်ကာ နယ်ထားသော ထုံး၊မန်ကျည်းမှည့်၊ပျားရည်တို့မျှတစွာ ရောစပ်သွားသော ဆေးကိုအဖုအကြိတ်ပေါ် တင်ရန်ဖြစ်ပါသည် …။
အဖုအကျိတ်ပေါ်ဆေးတင်သောအခါ ပူသောအရသာနှင့် အတွင်းသို့ဆွဲစုပ်သကဲ့သို့ခံစားရပါမည် ပြန်ပြီးမခွာရပါ …။
တစ်နေ့လျှင် ထိုဆေးကို(၃)ကြိမ်မျှ တင်ပေးနိုင်ပါသည် ။ အဖုအကျိတ်ဖြစ်ကာစ ဆိုပါလျှင် ဆေးတင်လိုက်ပါက (၃/၄)ရက်အတွင်း သက်သာပျောက်ကင်းစေပါသည် …။
အဖုအကျိတ်ရင့်ပြီး ကိုက်ခဲနေလျှင်လည်း ဆေးတင်ပေးပါက ပြည်ပေါက်ပြီးအနာကို အမြန်ကျက်စေနိုင်ပါသည် …။ ။
ခရက်ဒစ်