အ ဆိုတော်မနောကတော့ မြန်မာသံစဉ်တေးသီချင်းတွေကို သီဆိုပြီးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ထွက်သမျှသီချင်းတိုင်းက ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိတဲ့ အထိအောင်မြင်မှုတွေရရှိခဲ့တဲ့ သီချင်းတွေလည်းဖြစ်ခဲ့ပြီး ရွှေFM ကချီးမြှင့်င့်တဲ့ ဆုကြီးကို ပါရရှိပိုင်ဆိုင်ထားခဲ့ပါသေးတယ်။

လ တ်တလောမှာတော့ မနောက မကြာခင်မှာကျရောက်လာမယ့် မဟာသင်္ကြန်ကာလအတွက် ရည်ရွယ်ပြီး သင်္ကြန် သီချင်းလေးတစ်ပုဒ်ကို ပရိသတ်တွေဆီအရောက်ပို့ပေးလိုက်ပြန်ပါပြီ။ သီချင်းလေးရဲ့ နာမည်ကတော့ “တစ်လုံးနှစ်လုံး ကျွေးပါဦး”လို့ အမည်ပေးထားပါတယ်။သီချင်းလေးကိုတော့ တေးရေးဆရာ သဟာအောင်က ရေးသားပေးထားပြီး တေးသံရှင်မနောက သီဆိုထားတာပဲဖြစ်ပါတယ်။

မနောကတော့ ဒီသီချင်းလေးအတွက် ဗီဒီယိုရိုက်ကူးတဲ့အခါ ရိုက်ကူးရေးအတွက် ဘယ်မင်းသား မင်းသမီးတွေကို ခေါ်ယူရိုက်ကူးပေးရမလဲလို့လဲ ပရိသတ်တွေကို အကြံပြုမေးမြန်းထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ မနောရဲ့ သီချင်းအသစ်လေးရဲ့ ရိုက်ကူးရေးအတွက် မနောကို အကြံပေးလိုက်ကြပါဦးပရိသတ်ကြီးရေ…

Chilli – CeleGabar
Source – မနော Mannaw