မုံ ႐ြာ၊ေဖေဖာ္ဝါရီ-၂၉

ကို႐ိုနာ ဗိုင္းရပ္စ္ သံသယျဖင့္ မုံ႐ြာေဆး႐ုံႀကီးသို႔ လူနာတစ္ဦး ယေန႔ ညေနပိုင္းက ေရာက္ရွိေနသည္။

၎သည္ တန႔္ဆည္ၿမိဳ႕ ေညာင္ဇီးကုန္း႐ြာ မွ အသက္ ၃၆ ႏွစ္အ႐ြယ္ အမ်ိဳး သားျဖစ္ၿပီး လြန္ခဲ့ေသာ ၃ လခန႔္က တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕သို႔ လက္သမား လုပ္ငန္းသြားေရာက္လုပ္ကိုင္ၿပီး ျပန္လာသူျဖစ္ေၾကာင္း စုံစမ္းရရွိသည္။

ထိုသူသည္ ယမန္ေန႔က ႐ုတ္တရက္ ကိုယ္ပူ၊ေခ်ာင္းဆိုး ဖ်ားနာသျဖင့္ ေက်းလက္က်န္းမာေရးဌာန သို႔သြားျပရာ တန႔္ဆည္ၿမိဳ႕နယ္ေဆး႐ုံၿပီးမွတဆင့္ မုံ႐ြာေဆး႐ုံသို႔ လႊဲခဲ့ျခင္းျဖစ္သည္။

ယင္းလူနာအား လူမႈကူညီေရးကားျဖင့္မုံ႐ြာသို႔ေခၚလာၿပီး စစ္ေဆးမႈမ်ားျပဳလုပ္ေနၿပီျဖစ္သည္။

လူနာအား မုံ႐ြာေဆး႐ုံတြင္ မည္သို႔ ထားရွိမည္ကို မုံ႐ြာေဂဇက္မွ သီးသန႔္အတည္ျပဳႏိုင္ရန္ ေဆး႐ုံတာဝန္ရွိသူမ်ားအား ေမးျမန္းရာ တာဝန္ခံေျဖၾကားေပးမည့္သူ မရွိခဲ့ေပ။

လက္ရွိ တြင္ ေစာင့္ၾကည့္လူနာအျဖစ္ ထားရန္ စီစဥ္မည္ ဟု မုံ႐ြာေဆး႐ုံသို႔ေရာက္ရွိေနသည့္ ၿမိဳ႕နယ္ရဲမႉး ေက်ာ္လႈိင္ ကေျပာသည္။

ဓာတ္ပုံ၊ သံသယ လူနာအား လူမႈကူညီေရး ကားျဖင့္ မုံ႐ြာေဆး႐ုံသို႔ေခၚလာစဥ္

Credit Monywa Gazette

Unicode

မုံရွာ၊ဖေဖော်ဝါရီ-၂၉

ကိုရိုနာ ဗိုင်းရပ်စ် သံသယဖြင့် မုံရွာဆေးရုံကြီးသို့ လူနာတစ်ဦး ယနေ့ ညနေပိုင်းက ရောက်ရှိနေသည်။

၎င်းသည် တန့်ဆည်မြို့ ညောင်ဇီးကုန်းရွာ မှ အသက် ၃၆ နှစ်အရွယ် အမျိုး သားဖြစ်ပြီး လွန်ခဲ့သော ၃ လခန့်က တရုတ်နိုင်ငံ ကူမင်းမြို့သို့ လက်သမား လုပ်ငန်းသွားရောက်လုပ်ကိုင်ပြီး ပြန်လာသူဖြစ်ကြောင်း စုံစမ်းရရှိသည်။

ထိုသူသည် ယမန်နေ့က ရုတ်တရက် ကိုယ်ပူ၊ချောင်းဆိုး ဖျားနာသဖြင့် ကျေးလက်ကျန်းမာရေးဌာန သို့သွားပြရာ တန့်ဆည်မြို့နယ်ဆေးရုံပြီးမှတဆင့် မုံရွာဆေးရုံသို့ လွှဲခဲ့ခြင်းဖြစ်သည်။

ယင်းလူနာအား လူမှုကူညီရေးကားဖြင့်မုံရွာသို့ခေါ်လာပြီး စစ်ဆေးမှုများပြုလုပ်နေပြီဖြစ်သည်။

လူနာအား မုံရွာဆေးရုံတွင် မည်သို့ ထားရှိမည်ကို မုံရွာဂေဇက်မှ သီးသန့်အတည်ပြုနိုင်ရန် ဆေးရုံတာဝန်ရှိသူများအား မေးမြန်းရာ တာဝန်ခံဖြေကြားပေးမည့်သူ မရှိခဲ့ပေ။

လက်ရှိ တွင် စောင့်ကြည့်လူနာအဖြစ် ထားရန် စီစဉ်မည် ဟု မုံရွာဆေးရုံသို့ရောက်ရှိနေသည့် မြို့နယ်ရဲမှူး ကျော်လှိုင် ကပြောသည်။

ဓာတ်ပုံ၊ သံသယ လူနာအား လူမှုကူညီရေး ကားဖြင့် မုံရွာဆေးရုံသို့ခေါ်လာစဉ်

Credit Monywa Gazette