ငွေ သိန်းရာချီကောက်ရသော်လည်း လိုချင်တပ်မက်စိတ်မရှိဘဲ အသက်ကိုမမှုဘဲ ပိုင်ရှင်ထံပြန်ပေးခဲ့သူတစ်ဦးအကြောင်းကိုဖော်ပြပေးပါမယ်…သူကတော့ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို.၊ နဝန်းကမ်းနားလမ်းနေ ဦးစန်းဝင်း(ဆိုက်ကားဆရာ၊ နိဗ္ဗာန်ဆော် ) ဆိုက်ကားနံပါတ်- ၁၆၆၁ ဖြင့်ဆိုက်ကားနင်းအသက်မွေးဝမ်းကြောင်းပြုနေသူဖြစ်ပါတယ်…ဆင်းရဲပြီး အကျီအနွမ်းလေးဝတ်၊ ဦးထုပ်အဟောင်းလေးဆောင်းပြီး နေပူပူမှာ ဘ၀၀မ်းစာရေးကိုဖြေရှင်းနေရတာပါ….

ပြီးခဲ့တဲ့ (၃၀) ရက်နေ့ က လစာထုတ်ရက်မို့ မြန်မာ့စီးပွားရေးဘဏ်မှာ ငွေထုတ်သူတွေနဲ့ စည်ကားလှတဲ့အချိန်၊နေ့လည်ပိုင်းမှာဌာနဆိုင်ရာတစ်ခုက ငွေစာရင်းကိုင်ဝန်ထမ်း အမျိုးသမီးတစ်ဦးဟာ မြန်မာ့စီးပွားရေးဘဏ်ဘေးကပီစီအိုဘေးမှာ ငွေ ထုပ် ချပြီး တယ်လီဖုံးပြောနေခဲ့ပါတယ်။အဲဒီအချိန်မှာ သူ့ကိုလာကြိုတဲ့ သူတို့ဌာနကကားရောက်လာတာမို. အလောသုံးဆယ်ကားပေါ်တက်လိုက်ပါတယ်။ ဌာနကိုရောက်လို့ လစာငွေထုပ်တွေစစ်လိုက်မိတော့ကျပ်သိန်း(၉၀)ကျော်ငွေထုပ်ဟာ သူမဖုံးပြောနေတဲ့ မြန်မာ့စီးပွားရေးဘဏ်ဘေးနားက ပီစီအိုနားမှ ကျန်ခဲ့တာသိသွားခဲ့ပါတယ်။

စာရင်းကိုင်ဝန်ထမ်းအမျိုးသမီးလည်း ခေါင်းမီးတောက်နေပြီး ကျန်လုပ်ဖော်ကိုင်ဖက်တွေက လည်းစိတ်မကောင်းကြီးစွာ ရှိနေခဲ့ကြပါတယ်။ဘဏ်ဘေးနားမှ ဆိုက်ကားရပ်ထားပြီး ခရီးသည်စောင့်နေတဲ့ ဦးစန်းဝင်းကကျွတ်ကျွတ်အိတ်နဲ့ထုပ်ထားတဲ့ အထုပ်တစ် ကိုသူ့ဘေးနားမှာတွေ့လို့ဖွင့်ကြည့်လိုက်တော့ ငွေတွေတွေ့ပါတယ်။ဒါနဲ့ ငွေထုတ်အိတ်မှာ ပန်းတောင်းလို့ရေးထားတာတွေ့လို့ ငွေထုပ်တင်ပြီး ပန်းတောင်းကားဂိတ်ကိုသွားခဲ့တယ်။ဒါပေမယ့် ကားဂိတ်မှာ ဘယ်သူမှမတွေ့တာကြောင့် သူဆိုက်ကားဂိတ်ထိုးတဲ့ ဘဏ်နားကိုပဲပြန်လာခဲ့တယ် အဲဒီအချိန်မှာ လူ(၃)ယောက်က ဦးစန်းဝင်းအမူအယာကိုကြည့်ပြီး လက်ထဲကငွေထုပ်ဟာ သူတို့ဟာဆိုပြီး ပေးဖို့ ပြောလာတယ်။

မပေးရင်လည်းအန္တရာယ်ပြုမယ့် ပုံသဏ္ဍာန်ရှိပါတယ်။ဦးစန်းဝင်းက အခြေအနေကိုကြည့်လိုက်ပြီး “မင်းတို.ပိုက်ဆံဆိုရင် ရဲဆီမှာဘဏ်ထဲမှာပြန်ယူကွာ” ဆိုပြီး၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ လုံခြုံရေးရဲတပ်သားကတဆင့်ဘဏ်မန်နေဂျာလက်ထဲကို သွားအပ်လိုက်ပါတယ်။ထိုလူ(၃)ယောက်လည်း မယောင်မလည်နဲ့ ပြန်ပြေးသွားကြပါတယ် မကြာခင် ငွေထုပ်ပျောက်တဲ့ ဌာနဆိုင်ရာက စာရင်းကိုင်အမျိုးသမီးရောက်လာပါတယ်။ဘဏ်မန်နေဂျာရှေ့မှာ သူမေ့ကျန်ခဲ့တဲ့ ကျွတ်ကျွတ်အိတ်နဲ့ငွေထုပ်ကို အံသြဝမ်းသာစွာတွေ့လိုက်ရပါတယ်။

သူမဟာ ဆိုက်ကားဆရာ ဦးစန်းဝင်းကို ကျေးဇူးတင်လွန်းလို့သူမယခုလရမယ့် လစာ ကျပ်(၁)သိန်းကို ကန်တော့ပြီး၊ အများရှေ့မှာပဲ လက်အုပ်ချီမိုးထိုင်ကန်တော့ခဲ့ပါတယ်။ဦးစန်းဝင်းက မယူပါဘူး အတင်းငြင်းပါတယ်။သူမက ကျေးဇူးရှင် မို့ယူပါဆိုပြီး ငိုယိုပြီးတောင်းပန်မှ လက်ခံယူပါတယ် ဘဏ်မန်နေဂျာအပါအဝင် အားလုံးက အဲဒီ့ဖြစ်ရပ်ကိုမျက်ရည်ဝဲလျက်ဝမ်းနည်းဝမ်းသာ ကြည့်ရှုနေခဲ့ကြပါတယ်..ကဲ..ပရိသတ်ကြီးတို့ရေ အဲတာကြောင့် ဆင်းရဲသော်လည်း ဒီလိုရိုးသားလှတဲ့ နိုင်ငံကြီးသားစိတ်ဓာတ်ရှိတဲ့ဆိုက်ကားဆရာဦးစန်းဝင်းကို ဂုဏ်ပြုစကားလေးဆိုခဲ့ကြပါအုံးနော်..