








– မျိုးမင်းထွန်း

Unicode

ထားခဲ့တဲ့လူဆီမှာ အသနားမခံပါနဲ့

မချစ်တော့တဲ့သူရဲ့ အကြည့်မှာ ချစ်နေသေးတယ်ဆိုတဲ့ မျက်ဝန်းတွေကိုမရှာပါနဲ့ …

ကိုယ့်ကိုယ်ကို မညာပါနဲ့ …. ပြီးဆုံးသွားပြီဆိုတဲ့အရာတွေကို လက်ခံပါ …

ဆွဲထားနေသ၍.. အောက်ကျနောက်ကျ တောင်းပန်နေသ၍ မှားနေအုံးမှာပဲ …..

အတိတ်မှာဖြစ်ခဲ့ပြီးတာကိုပဲ ဖက်တွယ်ချင် ဖက်တွယ်ပါ …. ရှေ့ဆက်ဖြစ်လာမယ့်အရာတွေကို စီမံဖို့မကြိုးစားပါနဲ့ ….

မင်းအပေါ်ခံစားချက်မရှိတော့တဲ့သူကို မင်းအပေါ်ခံစားချက်တွေဖြစ်လာအောင် အတင်းကြီးလုပ်ယူလို့မရပါဘူး…

ဒါကြောင့် လူတစ်ယောက်ရဲ့ စိတ်ဆန္ဒကို ထိန်းချုပ်ထားဖို့မကြိုးစားပါနဲ့ ….

ဖက်တွယ်မှုတွေတိုင်းက အားနည်းချက်တွေဖြစ်လာစေနိင်ပါတယ် ….

မရှိလို့ မဖြစ်ဘူးဆိုတဲ့ စိတ်ကိုလျှော့ချပါ မင်းကိုချစ်တဲ့လူတစ်ယောက်က မင်းကို ဘယ်တော့မှမထားခဲ့ပါဘူး ….

ချစ်ဖို့ဆိုတာလွယ်ပေမယ့် ဆက်ချစ်နေဖို့ဆိုတာ ခက်ပါတယ် …. ကိုယ့်ကို မချစ်တော့တဲ့လူတစ်ယောက်ကို နားလည်ပေးလိုက်ပါ …. ။

– မျိုးမင်းထွန်း