လက် တစ်လောမှာပရိသတ်တွေအားလုံးရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ အကယ်ဒမီသရုပ်ဆောင် မေသန်းနု ရဲ့အမှုကိစ္စကတော့ တစ်နေ့ထက်တစ်နေ့

ပိုပြီးစိတ်ဝင်စားစရာကောင်းလာခဲ့ပါတယ်။ အဆိုပါအမှု ကို ဒါရိုက်တာစင်ရော်မောင်မောင် နဲ့ ဂျွန်လွင်တို့က မေသန်းနု လွတ်မြောက်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေသလို

တရားစွဲဆိုထားတဲ့ သူကိုလဲ ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပေမယ့် အဆိုပါ အမျိုးသမီးက သူ့အနေနဲ့ တိကျတဲ့ အဖြေတစ်ခုမရခဲ့ပါဘူးလို့ ဆိုကာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

အဆိုပါအင်တာဗျူးကို ကြည့်ရှု့မိတဲ့ ဂျွန်လွင်ကတော့ ခုလိုဘဲပြောပြလာခဲ့ပါတယ်။အဲ့ဒါကတော့ “ မင်းသမီးကြီး SSM ရေ ရီရတယ်ကိုယ်800 ပေးတယ်1250

လိုချင်တာမလျော့တော့ဘယ်လိုငွေချပြရမ လဲညှိလိုမှမရတာသူလိုငွေတိုး က လွယ်လွယ်ရ တာမဟုတ်ဘူးလေ 1250 ဖြစ်တယ်ပုံကို ရေးပြဆိုတော့လဲခင်ဗျား ချမရေးပဲပြေ

သမျှပေးရအောင်ငါ ကဦးနှောက်ပျက်တဲ့ရုပ်ပေါက်နေလို့လား ငါအသံfile တင်ပြရင်နင်ရှောက်ရှက်ကွဲမယ်နော်” လို့ ရေးသားခဲ့ကာ

“မဆင့်ကိုကြည့်ရတာ တကယ်တရားရနေသလိုပဲ။ သူလွတ်လာရင် သတင်းစာရှင်းလင်း ပွဲလုပ်လိမ့်မယ်လို့ထင်တယ်။ သူမမှားဘူးဆိုတာတော့မဟုတ်ဘူး။

ဒါပေမဲ့ တရားလိုမိန်းမက မဆင့်အိမ်ထောင်မကျခင်က မိတ်ဆွေကောင်းအဖြစ်နေခဲ့ရင်း အငြိုးကြီးနဲ့ လိုက်လုပ်နေတာဆိုတော့လေ။

သူအယူခံဝင်ထား တဲ့အတွက် အကယ်ဒမီမတိုင်ခင် ပြန်လွတ်ခဲ့မယ်ဆိုရင် အတိုင်းမသိဝမ်းသာမိမှာပါ” လို့ အင်တာဗျူးထပ်မံဖြေဆိုပေးခဲ့ပါသေးတယ်။

မဆင့်တစ်ယောက်အမြန်ဆုံးပြန်လည်လွှတ်မြောက်လာပါစေလို့ ပရိသတ်အများစုကလဲ ဆုတောင်းပေးနေကြပါတယ်