တစ်ေ ခတ်တစ်ခါကတည်းက အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသားကြီးကျော်သူကတော့ အခုချိန်မှာဆိုရင် အနုပညာသမားတစ်ယောက်အပြင် ပရဟိတသမားတစ်ယောက်အနေနဲ့ပါရပ်တည်နေသူတစ်ယောက်ပါ။ကျော်သူနာရေးကူညီမှုအသင်းကြီးကိုတည်ထောင်ထားတဲ့အပြင် လိုအပ်နေတဲ့နေရာတွေမှာလည်း ကူညီတတ်တဲ့ကျော်သူကတော့ အခုဆိုရင် အနုပညာအလုပ်တွေလည်း ခပ်စိပ်စိပ်ပြန်လုပ်လာတာကြောင့် ကိုယ်ပိုင်အချိန်မရှိတော့အောင် အလုပ်များနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က ရုံတင်ပြသခဲ့တဲ့ သူ့ရဲ့(1014) ဇာတ်ကားကြီးဟာဆိုရင်လည်း (၂၀၁၉)ခုနှစ်ရဲ့အကယ်ဒမီထူးချွန်ဆုဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့ပါသေးတယ်။သူကတော့ မနေ့ကလည်း အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး “အချိန်နဲ့ဒီရေသည်လူကိုမစောင့်တဲ့။ တစ်နေ့တစ်နေ့မြန်လိုက်တဲ့အချိန်။ပရဟိတကို လုပြီးလုပ်ရ। ဘာသာရေးကိုလည်း လုပြီးလုပ်ရ। အနုပညာကိစ္စပေါ်လာရင်လည်း လုပြီးလုပ်ရ။တစ်နေ့ တစ်နေ့ အိပ်ချိန်တောင် နည်းလာရပြီ။အလုပ်တစ်ခုခုကို နားလိုက်မှ တော်ကာကြမယ်လို့ ထင်မိ।တွေးမိလေရဲ့။ဘယ်အလုပ်ကိုနားလိုက်ရင် ကောင်းမလဲ” ဆိုပြီးရေးသားခဲ့တဲ့အခါမှာတော့ ဇနီးဖြစ်သူက အကြံကောင်းလေးတစ်ခုကိုပေးခဲ့တာပါ။အဲ့ဒါကတော့ “ဘယ်ဟာမှ အပြီးနားစရာမလိုပါဘူး.. အရမ်းကြီးလည်း လုပ်စရာမလိုပါဘူး..နိုင်သလောက်သာ လုပ်ပါ” ဆိုပြီးတန်ဖိုးရှိတဲ့အကြံကောင်းလေးတစ်ခုကို ပေးခဲ့တာကြောင့် ပရိသတ်တွေကတော့ အားကျနေခဲ့ရတာပါ။

ကျော်သူကတော့ ဒီနေ့ရွှေတိဂုံဘုရားမှာ ကန်တော့ပေးပွဲအခမ်းအနားကျင်းပခဲ့တဲ့ မ,အက္ခရာ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အသက်အရွယ်ရလာတဲ့အချိန်မှာတော့ ပရဟိတ၊ဝါသနာ၊ဘာသာရေး ဘက်မျှအောင်လုပ်နေရတဲ့အနေအထားမှာ အကြံဉာဏ်ကောင်းလေးတွေ အမြဲပေးတတ်တဲ့ ဇနီးကိုပိုင်ဆိုင်ထားတာကြောင့် ဦးကျော်သူကတော့ ကံကောင်းတဲ့သူတစ်ယောက်လို့ ဆိုရမှာပါနော်။

Source – Kyaw Thu
Rainbow- Cele Gabar