တို က်ဳိ၊ ေဖေဖၚ၀ါရီ (၂၇) – ကမၻာလွည့္ခရီးသြားမ်ားစီးနင္းေသာ ဘတ္စ္ကားတြင္ ဧည့္လမ္းညႊန္လုပ္သူ ဂ်ပန္အမ်ဳိးသမီးတစ္ဦး ဒုတိယအၾကိမ္ COVID-19 ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ျခင္းခံရေၾကာင္း အိုဆာကာစီရင္စုအစိုုးရက အတည္ျပဳေျပာၾကားသည္။

ထိုအမ်ဳိးသမီးသည္ ဇန္န၀ါရီလေႏွာင္းပိုင္းက COVID-19 ေပါ့စတစ္ျဖစ္သျဖင့္ ေဆးရုံတြင္ကုသမႈခံယူခဲ့ျပီး ေဖေဖၚ၀ါရီ ၁ ရက္ေန႔တြင္ ေဆးရုံမွ ဆင္းခြင့္ရခဲ့ကာ၊ ေဖေဖၚ၀ါရီ ၂၆ တြင္ ဒုတိယအၾကိမ္ COVID-19 ေပါ့စတစ္ ထပ္မံျဖစ္ပြားျခင္းျဖစ္ေၾကာင္းသိရသည္။

သူသည္ ယမန္ေန႔က လည္ေခ်ာင္းနာ၊ ရင္ဘတ္နာျဖစ္သျဖင့္ ေဆးရုံသို႔ သြားေရာက္ျပသရာမွ စစ္ေဆးရာတြင္ COVID-19 ထပ္မံျဖစ္ပြားေနေၾကာင္းသိရွိရျခင္းျဖစ္သည္ဟု သက္ဆိုင္ရာမွ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဂ်ပန္ႏိုင္ငံ၀ယ္ COVID-19 အတည္ျပဳလူနာ ယေန႔(ေဖေဖၚ၀ါရီ ၂၇)အထိ သိရသမွ် ၁၈၆ ဦးရွိျပီျဖစ္ျပီး၊ ယမန္ေန႔က ၁၇၀ ဦးရွိခဲ့သည္။ ဒုတိယအၾကိမ္ထပ္မံျဖစ္ပြားေသာလူနာမွာ ယခုဂ်ပန္အမ်ဳိးသမီးသည္ ပထဆုံးျဖစ္သည္။

Unicode

ဂျပန်အမျိုးသမီးတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကုသပျောက်ကင်းပြီး ဒုတိယအကြိမ် ထပ်မံ စစ်ဆေးတွေ့ရှိ…

တိုကျို၊ ဖေဖေါ်ဝါရီ (၂၇) – ကမ္ဘာလှည့်ခရီးသွားများစီးနင်းသော ဘတ်စ်ကားတွင် ဧည့်လမ်းညွှန်လုပ်သူ ဂျပန်အမျိုးသမီးတစ်ဦး ဒုတိယအကြိမ် COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းခံရကြောင်း အိုဆာကာစီရင်စုအစိုးရက အတည်ပြုပြောကြားသည်။

ထိုအမျိုးသမီးသည် ဇန်နဝါရီလနှောင်းပိုင်းက COVID-19 ပေါ့စတစ်ဖြစ်သဖြင့် ဆေးရုံတွင်ကုသမှုခံယူခဲ့ပြီး ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ရခဲ့ကာ၊ ဖေဖေါ်ဝါရီ ၂၆ တွင် ဒုတိယအကြိမ် COVID-19 ပေါ့စတစ် ထပ်မံဖြစ်ပွားခြင်းဖြစ်ကြောင်းသိရသည်။

သူသည် ယမန်နေ့က လည်ချောင်းနာ၊ ရင်ဘတ်နာဖြစ်သဖြင့် ဆေးရုံသို့ သွားရောက်ပြသရာမှ စစ်ဆေးရာတွင် COVID-19 ထပ်မံဖြစ်ပွားနေကြောင်းသိရှိရခြင်းဖြစ်သည်ဟု သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံဝယ် COVID-19 အတည်ပြုလူနာ ယနေ့(ဖေဖေါ်ဝါရီ ၂၇)အထိ သိရသမျှ ၁၈၆ ဦးရှိပြီဖြစ်ပြီး၊ ယမန်နေ့က ၁၇၀ ဦးရှိခဲ့သည်။ ဒုတိယအကြိမ်ထပ်မံဖြစ်ပွားသောလူနာမှာ ယခုဂျပန်အမျိုးသမီးသည် ပထဆုံးဖြစ်သည်။

Ref – Reuters/ad