မြန် မာနိုင်ငံရဲ့ အနုပညာလောကအတွက် မရှိမဖြစ်အရေးပါတဲ့ အလှဖန်တီးရှင်တစ်ဦးဖြစ်တဲ့ လင်းလင်းကတော့ နိုင်ငံကျော်အဆိုတော်ရဲလေးကို အပျိုဘဝကတည်းက အားပေးခဲ့တဲ့အကြောင်းကို “သမီးအပျိုထဲကကြိုက်ခဲ့ရတဲ့ ကိုရဲလေးဆိုတော့ သွားအားပေးမယ်နော် Tickets လေးလက်ဆောင်ပို့ပေးလို ကျေးဇူးပါကိုကို ရဲလေး” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ လင်းလင်းကတော့ မိတ်ကပ်ပညာရပ်မှာ ထူးချွန်ပြောင်မြောက်လွန်းတာကြောင့် နိုင်ငံကျော်အနုပညာရှင်တော်တော်များများရဲ့ လက်မလွှတ်နိုင်တဲ့ အလှဖန်တီးရှင်တစ်ဦးလည်းဖြစ်ပါတယ်။

နိုင် ငံကျော်အဆိုတော်ရဲလေးကတော့ လာမည့်ဖေဖော်ဝါရီလ(၂၉)ရက်နေ့မှာ ပထမဦးဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကိုတော့ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ရဲလေးကတော့ အလှဖန်တီးရှင် လင်းလင်းကို ပွဲလက်မှတ်တွေလက်ဆောင်ပေးခဲ့ပါသေးတယ်။ ရဲလေးကတော့ သူ့ရဲ့ရှိုးပွဲမှာ ပထမဆုံး Album ဖြစ်တဲ့ ကျွန်တော်နှင့်သက်ဆိုင်သော ကစပြီး နောက်ဆုံး YLJK ENTERTAINMENT ကနေထွက်ရှိခဲ့တဲ့ ဖုန်းမပိတ်ပါနဲ့၊ Away တို့လို သီချင်းတွေအထိပါ သင့်တင့်မျှတစွာ တင်ဆက်ဖျော်ဖြေသွားပါမယ့်လို့ သိရပါတယ်။သူ့ရဲ့ ပွဲကိုလာရောက်အားပေးကြတဲ့ပရိသတ်တွေကိုလည်း The Clinic De Novo က(၂၀၀၀၀)တန် Gift Voucher လေးတွေကို လက်ဆောင်ပြန်ပေးမှာလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ ပရိသတ်အခိုင်အမာရရှိပြီးသားဖြစ်တဲ့ နိုင်ငံကျော်အဆိုတော် ရဲလေးကိုတော့ မိတ်ကပ်ပညာရှင်လင်းလင်းက အပျိုဘဝထဲက အားပေးခဲ့တာတဲ့နော်။ ပရိသတ်ကြီးရော နိုင်ငံကျော်အဆိုတော်ရဲလေးကို ဘယ်အရွယ်ကတည်းက အားပေးခဲ့ကြတာလဲ…..

Source: Ye Tun Min
DarDar-CeleGabar