ခွေး တစ်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့လို့ အခြေအနေဟာ ထင်ထားတာထက် ပိုပြီး စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ အကြောင်းကတော့ တိရစ္ဆာန်တွေဟာ လူကြားထဲမှာ အလွယ်တကူ ပျံ့နှံ့ကာ သွားလာနိုင်ခြင်းကြောင့် စိုးရိမ်ဖွယ်ရာ ပိုဖြစ်စရာပါ။ အခုဖြစ်စဉ်မှာ ခွေးဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာတစ်ဦးက ပိုင်ဆိုင်တာဖြစ်ပြီး၊ ဒီကူးစက်မှုမှာ ဘယ်သူ့ဆီက စတင်ခဲ့သလဲဆိုတာ ပြောဖို့မလွယ်ပါဘူး။ ပိုင်ရှင်ရောဂါသည်ရဲ့အမည်မှာ Yvonne Chow Hau Yee ဖြစ်ပြီး ဟောင်ကောင်မှာ နေပါတယ်။

သူမရဲ့ ခွေးလေးကတော့ Pomeranian အမျိုးအစားဖြစ်ပြီး၊ နေမကောင်းဖျားနာတဲ့ ရောဂါလက္ခဏာဖြစ်နေလို စမ်းသပ်စစ်ဆေးခဲ့ရာ၊ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အဖြေထွက်ပေါ်လာခဲ့တာပါ။ ဟောင်ကောင် အာဏာပိုင်တွေကတော့ တိရစ္ဆာန်ပိုင်ဆိုင်ထားမှုတွေဟာ စိုးရိမ်စရာ ဖြစ်လာခဲ့ပြီလို့ ဝန်ခံခဲ့ပါတယ်။

ခွေးလေးကိုတော့ ဗုဒ္ဓဟူးနေ့ကတည်းက စောင့်ကြပ်ကြည့်ရှုနေပါတယ်။ အခုဆို ကမ္ဘာတစ်လွှမ်း ဗိုင်းရပ်စ်ကူးစက်မှုဟာ (၈၃၃၉၁)အထိ ရှိသွားပြီဖြစ်ပြီး၊ အတော်လေးကို ပေါ့ဆလို့မသင့်တော့တဲ့ အနေအထား ဖြစ်နေပါတယ်။ မိမိကိုယ်ကို အသိဉာဏ်နဲ့ ကြိုးစားကာကွယ်ရင်း နေထိုင်ရတော့မယ့် သဘောပါ။

သေဆုံးသုဦးရေကတော့ (၂၈၅၈)ဦးရှိပြီဖြစ်ပါတယ်။ နောက်ထပ် ထွက်ပေါ်လာတဲ့ သတင်းမှာတော့ ဝူဟန်ဓာတ်ခွဲခန်းမှတစ်ဆင့် အိမ်နေလင်းနို့ အကောင်(၆၀၀)ဆီကို ဗိုင်းရပ်စ်ကူးစက်ခဲ့တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် အဲဒီကိစ္စကိုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက ငြင်းဆန်ထားပါတယ်။

လင်းဇော်ကို (D Nae Khit)

ေခြးတစ္ေကာင္မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ေၾကာင္း အတည္ျပဳနိုင္ခဲ့လို႔၊ ပိုၿပီးစိုးရိမ္စရာျဖစ္လာ

ေခြးတစ္ေကာင္မွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ထားေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့လုိ႔ အေျခအေနဟာ ထင္ထားတာထက္ ပိုၿပီး စုိးရိမ္စရာ ျဖစ္လာခဲ့ပါတယ္။ အေၾကာင္းကေတာ့ တိရစာၦန္ေတြဟာ လူၾကားထဲမွာ အလြယ္တကူ ပ်ံ႔ႏွံ႔ကာ သြားလာႏုိင္ျခင္းေၾကာင့္ စုိးရိမ္ဖြယ္ရာ ပုိျဖစ္စရာပါ။ အခုျဖစ္စဥ္မွာ ေခြးဟာ ဗုိင္းရပ္စ္ကူးစက္ခံထားရတဲ့ လူနာတစ္ဦးက ပိုင္ဆုိင္တာျဖစ္ၿပီး၊ ဒီကူးစက္မႈမွာ ဘယ္သူ႕ဆီက စတင္ခဲ့သလဲဆုိတာ ေျပာဖုိ႔မလြယ္ပါဘူး။ ပုိင္ရွင္ေရာဂါသည္ရဲ႕အမည္မွာ Yvonne Chow Hau Yee ျဖစ္ၿပီး ေဟာင္ေကာင္မွာ ေနပါတယ္။

သူမရဲ႕ ေခြးေလးကေတာ့ Pomeranian အမ်ိဳးအစားျဖစ္ၿပီး၊ ေနမေကာင္းဖ်ားနာတဲ့ ေရာဂါလကၡဏာျဖစ္ေနလုိ စမ္းသပ္စစ္ေဆးခဲ့ရာ၊ ဗုိင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း အေျဖထြက္ေပၚလာခဲ့တာပါ။ ေဟာင္ေကာင္ အာဏာပုိင္ေတြကေတာ့ တိရစာၦန္ပိုင္ဆုိင္ထားမႈေတြဟာ စုိးရိမ္စရာ ျဖစ္လာခဲ့ၿပီလုိ႔ ဝန္ခံခဲ့ပါတယ္။ ေခြးေလးကိုေတာ့ ဗုဒၶဟူးေန႔ကတည္းက ေစာင့္ၾကပ္ၾကည့္႐ႈေနပါတယ္။ အခုဆုိ ကမာၻတစ္လႊမ္း ဗုိင္းရပ္စ္ကူးစက္မႈဟာ (၈၃၃၉၁)အထိ ရွိသြားၿပီျဖစ္ၿပီး၊ အေတာ္ေလးကုိ ေပါ့ဆလုိ႔မသင့္ေတာ့တဲ့ အေနအထား ျဖစ္ေနပါတယ္။ မိမိကိုယ္ကို အသိဉာဏ္နဲ႔ ႀကိဳးစားကာကြယ္ရင္း ေနထုိင္ရေတာ့မယ့္ သေဘာပါ။

ေသဆုံးသုဦးေရကေတာ့ (၂၈၅၈)ဦးရွိၿပီျဖစ္ပါတယ္။ ေနာက္ထပ္ ထြက္ေပၚလာတဲ့ သတင္းမွာေတာ့ ဝူဟန္ဓာတ္ခြဲခန္းမွတစ္ဆင့္ အိမ္ေနလင္းႏုိ႔ အေကာင္(၆၀၀)ဆီကို ဗုိင္းရပ္စ္ကူးစက္ခဲ့တယ္လုိ႔ ဆုိထားပါတယ္။ ဒါေပမယ့္ အဲဒီကိစၥကိုေတာ့ သက္ဆုိင္ရာ အာဏာပုိင္ေတြက ျငင္းဆန္ထားပါတယ္။

လင္းေဇာ္ကို (D Nae Khit)