မြန်မာ အိုင်ဒေါပြိုင်ပွဲဝင် ယောကီးကတော့ ဒီတပတ်မှာ Voting Result နည်းသွားခဲ့လို့ ပြိုင်ပွဲကထွက်ခွာခဲ့ရတာပါ။သူ့အနေနဲ့ အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပြီး Top 5 အဆင့်ထိ ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

ယော ကီးရဲ့ထွက်ခွာမှုအပေါ် ပရိသတ်ကြီးကလည်း နှမြောတသဖြစ်နေခဲ့ကြတာဖြစ်ပြီး wild card နဲ့ပြန်လာနိုင်မလားလို့လည်း မျှောင်လင့်နေကြတာပါ။ခုလက်ရှိမှာတော့ ယောကီးဟာမွေးဇာတိ ချင်းပြည်နယ် မင်းတပ်မြို့ကို ပြန်ခဲ့တာဖြစ်ပြီး လူပေါင်းများစွာရဲ့ ကြိုဆိုခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။ယောကီးတစ်ယောက် မင်းတပ်ကို မရောက်သေးခင် ကျောက်ထုမြို့ အဝင်ကတည်းက ပရိသတ်တွေက ကြိုဆိုတာ ကိုခံခဲ့ရတာပါ ။

ဒီလိုကြိုဆိုခဲ့ကြသူတွေထဲမှာ ကျောင်းသားကျောင်းသူတွေနဲ့ ဒေသခံအများအပြားပါဝင်ခဲ့တယ်လို့လည်းသိရပါတယ်။ ပရိသတ်ကြီးကို ယောကီးအတွက် ကြိုဆိုနေကြတဲ့ လူအုပ်ကြီးရဲ့ ပုံရိပ်တွေကို ထပ်တူဝမ်းသာနိုင်စေရန် မျှဝေပေးလိုက်ပါတယ်နော်။

Writer – Magic(Shwe yaung lan)