စိုင်း ဆန်းညွန့် ၊ ဇနီးက မဆွေဇင်လတ်တို့ဟာ ကြမ်းတမ်းလှတဲ့ ဘဝအခြေအနေမှာ ခေတ်ကပြောင်းလဲလာတော့ အိမ်ဆောက်ရာမှာ လက်သမားတွေအလုပ်မဖြစ်တော့တဲ့ အချိန်၊သံနဲ့ဆောက်တဲ့ခေတ်မို့ အလုပ်မရှိနေချိန်ကလေးက ၂ယောက်အလုပ်ပြောင်းပြီးဆေးသုတ်တဲ့အလုပ်ကို ပြောင်းလုပ်ခဲ့သည်။ ဦးလေးဗေဒင်ဆရာပုဏ္ဏားကြီးက မင်းတို့ကံကောင်းနေတယ် ထီထိုးဖို့မမေ့နဲ့ဆိုတဲ့ မကြာမကြာပြောတဲ့စကားရှိသည်။ တစ်နေ့ မိသားစုလိုက် မဟာမြတ်မုနိဘုရားကြီးကို သွားဖူးပြီးအပြန်လမ်းမှာ ထီဆိုင်တွေ့တော့ ဦးလေးပြောတာကို သတိရမိတာနဲ့ ထီထိုးဖို့ ထီဆိုင်ထဲဝင်ခဲ့သည်။

အဲဒီအချိန် သားအကြီးလေးက သူရွေးမယ်ဆိုတဲ့သဘောနဲ့ သူ့ကို ချီခိုင်းလေသည်။အဖေဖြစ်သူက သူ့သားလက်ညှိုးထိုးခဲ့တဲ့ ၂စောင်တွဲထီလက်မှတ်ကို ထိုးဖြစ်ခဲ့သည်။၁ .၁၂.၂၀၁၉ ထီဖွင့်ရက်မှာ ထီဆိုင်မှ ထီပေါက်ကြောင်းဖုန်းဆက်လာတော့ ရုတ်တရက် မယုံနိုင်ခဲ့၊သေချာပြန်ပြီး ထီတိုက်ကြည့်တော့မှ သူအမှန်တကယ် ဆုငွေကျပ်သိန်းတစ်သောင်းကို ပေါက်နေပြီဆိုတာသိခဲ့ရတော့သည်။ ထီဆုငွေထုတ်ပြီးတာနဲ့ နေစရာအိမ်ဝယ်မည်၊ အလှူကြီးပေးမည်၊ ကျေးဇူးရှင် ဦးလေးကြီးကိုလည်းကျေးဇူးဆပ်မည်လို့ သူစိတ်ကူးခဲ့ပါတယ်။

ဒီနေ့မှာတော့ သူ့ရဲ့ စိတ်ကူးလေးတွေအကောင်အထည်ပေါ်လာခဲ့ပါပြီ။ သူ့ရဲ့စိတ်ကူးလေးဖြစ်တဲ့ သားတွေအတွက် ရှင်ပြုအလှူတော်မင်္ဂလာပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ သိန်းတစ်သောင်း ကံထူးရှင်မိသားစု၏ ရှင်ပြုနားသ အလှူတော်မင်္ဂလာပွဲကြီးကတော့ ကြီးကျယ်ခမ်းနားပြီး မြင်ရသူတွေရဲ့ ရင်ကိုအေးစေမှာပါ။

Credit Original