ဓာတ္ဆားေ ရ သောက်တော့မယ်ဆိုရင် ဒါတွေသတိထား (ဓာတ်ဆားဆိုတာ ဘာလဲ…? ဘာအတွက်သုံးတာလဲ…?)

ဓာတ်ဆားမှုန့်(Oral Rehydration Salts)ဆိုတာ ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်နဲ့ဓာတ်ဆားများ လျော့နည်းခြင်းအတွက် ရေနဲ့ဖျော်သောက်ရတာပါ …။

ယခုလို အလွန်ပူပြင်းတဲ့အချိန်မှာ ချွေးထွက်လို့ဆုံးရှုံးသွားတဲ့ ရေနဲ့ဆားဓာတ်တွေ ပြန်လည်ဖြည့်တင်းဖို့ အကောင်းဆုံးဆေးမှုံ့ပေါ့ …။

(ဘယ်လိုဓာတ်ဆားသောက်ရင်အကောင်းဆုံးလဲ…?)

မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံက ထုတ်လုပ်တဲ့ဓာတ်ဆား၊ နိုင်ငံတကာမှ တင်သွင်းရောင်းချတဲ့ ဓာတ်ဆားမျိုးစုံ၊ အပြင်ဈေးကွက်ထဲမှာ ရိုးရိုးဓာတ်ဆားများ/သစ်သီးစုံဓာတ်ဆားများ …၊

အများအပြားရောင်းချနေပြီး တမျိုးနဲ့တမျိုး အာနိသင်သိသာစွာကွာခြားခြင်းမရှိပဲ အားလုံးကောင်းကြပါတယ် …။

အရည်အသွေးပြည့်ဝပြီး ကြာရှည်အထားခံတာကတော့ မြန်မာနိုင်ငံဆေးဝါးစက်ရုံ(MPF)ကထုတ်တဲ့ ဓာတ်ဆားပါ …။

(ဓာတ်ဆားထုတ်ဝယ်ရင် ဘာတွေသိထားသင့်လဲ)…

ဓာတ်တားထုတ်ဝယ်တဲ့အခါပထမဆုံးကြည့်သင့်တာက သက်တမ်းကုန်ဆုံးရက်(Expiry date)ပါ…Date ကောင်းတာနဲ့တင်မပြီးပါဘူး…လတ်ဆပ်မှု့ရှိ/မရှိ လှုပ်ကြည့်ရပါမယ်…

ကပ်နေရင်(သို့)အထဲက အမှုံ့အရောင်ပြောင်းနေရင် လုံးဝမသောက်သင့်ပါဘူး …။

(ဓာတ်ဆားထုတ်ကို ဘယ်လိုထားသိုရမလဲ? ဘယ်ရေနဲ့ဖျော်ရမလဲ?)

ဓာတ်ဆားတထုတ်ကို ရေကျက်အေး(သို့)ရေတစ်လီတာ/ရေသန့်တဗူးနဲ့ဖျော်ရမှာပါ။သတိထားရမှာက ရေနွေးနဲ့မဖျော်ရသလို ရေခဲသေတ္တာထဲကရေအေးနဲ့လဲမဖျော်သင့်ပါဘူး …။

ဓာတ်ပျယ်သွားတတ်လို့ပါ။ ဓာတ်ဆားထုတ်ကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ ထားသိုရမှာဖြစ်ပြီး နေရောင်ခြည် တိုက်ရိုက်ထိတွေ့တဲ့ နေရာတွေမှာ မထားသင့်ပါဘူး …။

ဓာတ်ဆားရည်ကို ဖျော်ပြီး ၂၄ နာရီအတွင်းကုန်အောင်သောက်ရမှာဖြစ်ပြီး ၂၄ နာရီထက်ကျော်သွားတဲ့ ဓာတ်ဆားရည်ကို သွန်ပစ်ရမှာပါ …။

(တစ်နေ့ဘယ်နှစ်ထုတ်သောက်ရမလဲ?ဘယ်လိုလူတွေမသောက်ရဘူးလဲ?)

ပုံမှန်အားဖြင့်ဓာတ်ဆားကို တစ်ရက်အများဆုံး ၂ ထုတ်သာ သုံးသင့်ပါတယ်။ ၂ ထုတ်ထက်ပိုသောက်မိရင် ခန္ဓာကိုယ်ကပိုနေမဲ့ ဆားဓာတ်ကိုမစွန့်ထုတ်နိုင်ပဲသွေးတိုးရောဂါဖြစ်တတ်လို့ပါ …။

ဓာတ်ဆားထုတ်ကို ဆီးချို /သွေးတိုးရှိသူတွေ ဆရာဝန်ညွှန်ကြားချက်နဲ့မှသောက်သင့်ပါတယ် …။

(ဒါကြောင့်)တန်ဆေး လွန်ဘေးဆိုသလို ချွေးထွက်အလွန်များတဲ့ ယခုလိုနွေရာသီမှာ ဓာတ်ဆားထုတ်သောက်တဲ့အခါ ဆင်ခြင်စရာလေးတွေကို ကျန်းမာရေးဗဟုသုတအနေနဲ့ တင်ပြလိုက်ရပါတယ် …။

ဒီ post ကို share ပေးခြင်းနဲ့ ကုသိုလ်ယူကြစေလိုပါတယ်ခင်ဗျား …။ ။

Credit to Original Writer