လူ တိုင်း ထီပေါက် ချင်ကြပါတယ် ဒါပေ့မယ့် ထီဆိုတာ လူတိုင်း ပေါက်တာ မဟုက် သူကံဇာ တာ နည့် ကံပေါ် မူတည် ပြီး ပေါက်ကြတယ် အဲကံဇာ အပေါ်မှာပဲ ထီဆု ကြီး ထီ ဆုလေး လေးတွေ ထပ်ခွဲ ခြား သွားတာပေါ့ ဟိုတုန်းက. ဦးဘဟန် ဆိုတဲ့ အဘကြီး သူက. ထီကံအရမ်း စမ်းတာ ကျွန်တော် က. ကြ ထီတော့ ပေါက်ချင်တယ်

ဒါပေ့မယ် ထီထိုးရမှာ အလွန် ပျင်းတယ် ဦးဘဟန် ကမင်းကွာ ကံကို အလကား ဖြုန်းတီး ပစ်တာတဲ့ထီ မထိုးလို့ ပြောတာသူကထီလည်း အရမ်း ထိုးသလို ထီကံလည် အရမ်းကောင်း တာ တစ်နှစ်ကို ဆုသေးလေ တွေ ခဏခဏ ပေါက်တာ အဲတုန်းကကိုယ်ကခပ်ငယ်ငယ် ရှိသေးတယ်စပ်ဆု တာပေါ့ ဦးဘဟန် ကြီး ထီ ခဏခဏပေါက် နေတာဘာ အဓိဋ္ဌာန်တွေ ဝင်တုန်း လို့ မေးကြည့်တော့

ခုပြောမယ့် အဓိဋ္ဌာန်ကို ပုတီးစိပ်တာတဲ့ နောင် ကျွန်တော် ဆရာ ဖြစ်လာတဲ့ အခါ တော်တော်များများ ခု ပုတီးစိပ် နည်း ပုတီးစိပ်ခိုင်း အဓိဋ္ဌာန်ဝင်ခိုင်းပြီး ထီဝါသနာ ပါသူတွေ ထီ ကံစမ်းခိုင်း တာထီဆု လေးတွေ ပေါက်ကြတယ်ပေါ့လေ

မြန်မာ ထီကအခက်သား ဗျ ဂဏန်တွေ အကုန်မှန်နေတောင် အက္ခရာ လွဲသွားရင် ထီဆုနှင့် ဝေရောခုပြောမယ့် အဓိဋ္ဌာန်ကလည်း အက္ခရာ နှင့် မြတ်စွာဘုရားကို ပူဇော်ခြင်း ဂဏန်း ဖြင့် မြတ်စွာ ဘုရားကို ပူဇော်ခြင်း ဖြစ်လို့ ထီနှင့် ပတ်သက်ပြီး မိမိ ကံအားလျော်စွာ ကံကောင်းလာပါ လိမ့်မယ်

အ ဓိဋ္ဌာန် ရက်ကို မိမိ ဘာသာ သက်မှတ်ပါ သို့မဟုက် တစ်လ လုံး ပုတီးစိပ် ပါ တစ်ညလျှင် ပုတီး ၉ ပတ် စိပ်ရမည် ပုတီးမစိပ်ခင် မြတ်စွာ ဘုရားအား ကိန်းဂဏန်း ဖြင့် ၃. ကြိမ် ရွတ်ဆို၍ ရှိခိုးပါ သီလ ဆောက်တည်ပါ မေတ္တာ ပို့ပါ

ကိန်း ဂဏန်းဖြင့် မြတ်စွာ ဘုရားအား ရှိခိုးခြင်း

၁. ဧက. ဤ ကမ္ဘာလောကကြီးတွင် တစ်ဆူတည်း အတုမရှိ အတူမရှိ ပွင့်တော် မူပြီးကုန်သော ဘုရားရှင်တို့အား နမော ရှိခိုးပါ၏ အရှင် ဘုရား

၂ ဒွိကော ရုပ်နံ နှစ်ပါး မြတ်တရားကို ပိုင်းခြား ထင်ထင် သိမြင်တော် မူကြကုန်သော ဘုရား ပစ္စေကဗုဒ္ဓ ရဟန္တာ အရိယာ သာဝက တို့အား နမော ရှိခိုးပါ၏ အရှင်ဘုရား

၃. တိကော ဘုရားမြတ်ရတနာ တရားမြတ်ရတနာ သံဃာမြတ်ရတနာ ရတနာ မြတ် ၃ ပါးတို့အား နမော ရှိခိုးပါ၏ အရှင်ဘုရား

၎. စတုကော သတိပဌာန်လေးပါ သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ် လေးပါး မြတ်တရားတို့အား နမော ရှိခိုးပါ၏ အရှင်ဘုရား

၅ ပဉ္စကော ဗိုလ်ငါးပါး သီလတော်မြတ်ငါးပါး ဘုရားငါးဆူတို့ အား နမော ရှိခိုးပါ၏ အရှင်ဘုရား

၆. ဆက္ကော ဘုန်းခြောက်ပါး ဉာဏ်တော်ခြောက်ပါး ရောင်ခြည်တော် ခြောက်ပါး ပိုင်ရှင် ဘုရားရှင်တို့အား နမော ရှိခိုးပါ၏ အရှင်ဘုရား

၇. သတ္တကော ဗောဇ္ဈင် ခုနှစ်ပါး သူတော်ကောင်း တရားခုနှစ်ပါးတို့အား နမော ရှိခိုးပါ၏ အရှင်ဘုရား

၈. အဋ္ဌကော မဂ္ဂင်၈ပါး တရားတော်ကို နမော ရှိခိုးပါ၏ အရှင်ဘုရား

၉. နဝကော ဂုဏ်တော်ကိုးပါ နှင့် တကွ အင်္ဂါကိုးတန် ပြည့်စုံမှန်သော ပိဋကတ် သုံးပါးအား နမော ရှိခိုးပါ၏ အရှင်ဘုရား

၁၀. ဒဿကော မဂ်လေးပါး ဖိုလ်လေးပါ နိဗ္ဗာန် ပရိတ်ယတ် ၁၀ ပါး ၁၀ပါးသော တရားတော်မြတ် ပါရမီ ၁၀ ပါး မြတ်တရား တို့ကို နမော ရှိခိုးပါ၏ အရှင်ဘုရား

ဧတေန. သစ္စဝဇ္ဇေန

ဟောတု မေဇယံ ဂဏနံ

ဧတေန သစ္စဝဇ္ဇေန

ဤသို့ဆိုငြား မှန်ကန်သော သစ္စာ စကားကြောင့် မေ ကျွန်ုပ်အား ဇယ. ဂဏန်နှင့် စပ်ဆိုင်သော အောင်မြင်ခြင်း မင်္ဂလာအဖြာဖြာ သည် ဟေားတု ဖြစ်ပါစေ ကုန်သတည်း

အထက်ပါ ၃. ခေါက် ရွတ်ဆို ပြီးပါက. ပုတီးစိပ်ပါ လေ

ဗုဒ္ဓံ ပုတီး တစ်လုံး ချ

ဓမ္မံ ပုတီး တစ်လုံး ချ

သံဃံ ပုတီး တစ်လုံး ချ

အောက်ပါ အက္ခရာ များလည် အဓိပ္ပါယ် ရွတ်ဆို၍ ပုတီး တစ်လုံး ချ စိပ်သွားပါ

က။ ။ကကြီးဟူသည်ကား ကိလေသာ မာန်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား ။

ခ။ ။ခခွေးဟူသည်ကား ခန္ဓာ မာန်ကို အောင်မြင်တော်မူ သောမြတ်စွာ ဘုရား။

ဂ။ ။ဂငယ်ဟူသည်ကား ဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံတော် မူသော မြတ်စွာဘုရား ။

ဃ။ ။ ဃကြီးဟူသည်ကား ဃဋိက ဗြဟ္မာ မင်းဆက်သသော ရွှေကြာ သင်္ဃန်းကို ဆင်ရင်တော်မူသော မြတ်စွာဘုရား ။

င။ ။င ဟူသည်ကား မာန်ငါးပါးကို အောင်မြင်တော် မူသော မြတ်စွာဘုရား။

စ။ ။စ လုံး ဟူသည်ကား စကြဝဠာ တစ်သိုက် တုပြိုင်ဘက် ရှိတော်မမူသော မြတ်စွာဘုရား ။

ဆ ။ ။ ဆ လိမ် ဟူသည်ကား ဆယ်ပါးသောဒူစရိုက်တို့ကို ခုတ်ထွင်း ပယ်ဖျက်တော်မူသော မြတ်စွာဘုရား။

ဇ။ ။ ဇကွဲဟူသည်ကား ဇာတိဿ ရဉာဏ် ကို အောင်မြင် တော်မူသော မြတ်စွာဘုရား ။

ဈ။ ။ ဈာန်သမာပတ် အပေါင်းတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ည။ ။ညဟူသည်ကား ဥေယျဓံတရား ငါးပါးနှင့် ပြည့်စုံ တော် မူသော မြတ်စွာ ဘုရား။

ဋ။ ။ဋတလင်းချိတ်ဟူသည်ကား ဒီဃလင်တကျမ်းအောက် အဖြာဖြာတို့ကို ဆရာမရှိ ကိုယ်တော်တိုင် သိမြင်တော် မူသော မြတ်စွာဘုရား။

ဋ္ဌ။ ။ဋ္ဌဝန်ဘဲဟူသည်ကား ပဋ္ဌာန်းကျမ်းကို အောင်မြင်တော် မြတ်စွာဘုရား ။

ဍ။ ။ဍရင်ကောက် ဟူသည်ကား ကောဒည ပုဏ္ဏားသည် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု အပြောခံရသော မြတ်စွာဘုရား ။

ဎ။ ။ဎရင်မှုတ်ဟူသည်ကား ဒီပင်္ကရာ မြတ်စွာဘုရားရှေ့ မှောက်၌ အနိယတ ဗျာဓိတ်ပန်းကို ပန်ဆင်တော်မူသော မြတ်စွာဘုရား ။

ဏ။ ။ဏကြီးဟူသည်ကား တဏှာ တည်းဟူသော အမိုက် အမှောင်တို့ကို ပယ်ဖျက်ခုတ်ထွင်း အောင်မြင်တော် မူသော မြတ်စွာဘုရား ။

တ ။ ။တဝမ်းပူဟူသည်ကား တစ်ထောင်မကသော ဒိဋ္ဌိတို့ကို ဆုံးမတော်မူသော မြတ်စွာဘုရား။

ထ။ ။ထဆင်ထူးဟူသည်ကား ထူမြတ်သော တရားအပေါင်း တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။

ဒ။ ။ဒဒွေးဟူသည်ကား ဒိပ္ပစက္ခု ရွှေဉာဏ်တော်ကို ရတော် မူသော မြတ်စွာဘုရား။

ဓ။ ။ဓအောက်ချိုက်ဟူသည်ကား ဓမ္မစကြာတရားအပေါင်း၌် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။

န။ ။နငယ်ဟူသည်ကား နိဗ္ဗာန် ခေမာပြည့်အောင် ဉာဏ်မျိုး တို့ကို ပို့ဆောင်တော်မူ သောမြတ်စွာဘုရား။

ပ။ ။ပစာက်ဟူသည် ကား ပုဗ္ဗေနိဝါသ နုဿိဉာဏ်ကို အောင် မြင်တော်မူသော မြတ်စွာဘုရား။

ဖ။ ။ဖဦးထုပ်ဟူသည်ကား ဖိုလ် ၊ မဂ် ချမ်းသာကို အောင်မြင် တော်မူသော မြတ်စွာဘုရား ။

ဗ။ ။ဗလချိုက်ဟူသည်ကား ဗောဓိပင်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား။

ဘ။ ။ဘကုန်းဟူသည်ကား ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား။

မ။ ။မဟူသည်ကား မဇ္ဖျိမ မာန်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား ။

ယ။ ။ယပလက်ဟူသည်ကား ယမက ဗျာဒိယာ၌ ရတနာ ရွှေပုလင်ကို အောင်မြင်တော် မူသော မြတ်စွာဘုရား ။

ရ။ ။ရကောက်ဟူသည်ကား ရတနာခြောက်သွယ်နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား။

လ။ ။လဟူသည်ကား လူသုံးပါးတို့၌ တုပြိုင်ဖက် ကင်းတော်မူသော မြတ်စွာဘုရား။

ဝ။ ။ဝဟူသည်ကား ဝသုနြေ္ဒ မြေစောင့် နတ်သားအား သက်သေထား၍ မာန်နတ်မင်းအား ပြည့်စုံတော်မူသော…….မြတ်စွာဘုရား….။

သ။ ။သဟူသည်ကား သစ္စာ လေးပါး အပေါင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဟ။ ။ဟဟူသည်ကား ဟန္ဒ ဒါနိ ဘိက္ခဝေ ပါဠိတော်လာသည် နှင့် အနိယတ ဗျာဓိတ်ပန်းကို ဆင်မြန်းတော် မူသောမြတ်စွာဘုရား။

ဠ။ ။လကြီးဟူသည်ကား ဝေဠုဝန် ကျောင်းတော်၌လပြည့်ဝန်းကဲ့သို့ ထွန်းလင်းတော်မူသော မြတ်စွာဘုရား။

အ။ ။ အဟူသည် ကား နေ အာရုဏ်မတက်မှီ အာသဝေါ ကင်း၍ အာသဝက္ခယ ဉာဏ်ကို ရတော်မူသော …..မြတ်စွာဘုရား ။

စုစုေ ပါင်း ပုတီး ၃၆ လုံး ရရှိပါမည်၃. ခါ ပြန်စိပ်သော် ၁၀၈. လုံး ပုတီး တစ်ပက် ရမည်ဖြစ်သည် အထက်ပါ အတိုင်း နေ့စဉ် ပုတီး ၉ ပက် စိပ်ခြင်း ကိန်း ဂဏန်ဖြင့် ရှိခိုး ခြင်း တို့ ကြောင့် နေ့စဉ် အက္ခရာ ၏ ကံကောင်းခြင်း ဂဏန်း ကံကောင်းခြင်းများ ရရှိကာ ထီဆုကြီး ထီဆုလေး များ ဆွတ်ခူး နိုင်ပါလိမ့်မည်