နာ မည်ကြီး Pop ဘုရင်မ မက်ဒေါနားကိုတော့ ပရိသတ်ကြီးကောင်းကောင်းသိပြီးသား ဖြစ်ကြမယ်ထင်ပါတယ်နော်။သူမဟာ အသက် ၆၁ နှစ်ရှိပြီ ဖြစ်ပေမယ့် အခုချိန်ထိ နုပျိုဖျတ်လတ်နေဆဲဖြစ်ပြီး ပုရိသတွေကိုဆွဲဆောင်နိုင်တုန်းပါ။

ယ ခုအခါမှာတော့ မက်ဒေါနားဟာ အသက် ၂၅ နှစ်အရွယ်သာရှိသေးတဲ့ နောက်ခံအကသမားလေးတစ်ဦးနဲ့ ကြိုက်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် လာခဲ့တာပါ။သူမဟာ အံ့သြစရာတစ်ခုအဖြစ် အသက်ငယ်ရွယ်သူတွေနဲ့သာ စုံတွဲခုတ်လေ့ရှိပြီး အသက် ၃၀ ဝန်းကျင်တွေနဲ့ အကြိုက်များတယ်လို့ သိရပါတယ်။

ယခုကောင်လေးဟာဆိုရင် သူမထက်အသက်၃၆ နှစ်အထိငယ်ရွယ်လှပြီး သူမသားဖြစ်သူထက်တောင် နှစ်နှစ်ငယ်နေသေးတာပါ။

မက်ဒေါနားကတော့ အသက်ကြီးသွားပေမယ့်အချစ်တွေကငယ်ရွယ်လတ်ဆတ်နေဆဲဖြစ်ဟန်တူပါတယ်။နာမည်ကျော် Pop ဘူရင်မရဲ့ စိတ်ဝင်စားစရာ အချစ်ရေးလေးမလို့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Writer – Magic(Shwe Yaung Lan)