ချစ် တဲ့စိတ်ကြောင့် ယောက်ျားကို ကိုယ်လွတ်ရုန်းစေပြီး ထောင်ကျခံခဲ့တဲ့ အမျိုးသမီး

မူးယစ်ဆေးဝါးသတင်းအရ ယာတဲတစ်တဲသို့သွားရောက်ဖမ်းဆီးကြစဉ်

လင်မယားနှစ်ယောက်လုံး တဲအနီးတွင်ရှိနေကြသော်လည်းအမျိုးသမီးမှာ မိမိ ယာတဲဖြစ်ကြောင်းဝန်ခံခဲ့ပြီးယောက်ျားဖြစ်သူကိုမူ မိမိ၏ယောက်ျားမဟုတ် နွားကျောင်းသားဖြစ်သည်ဟု ပြောပြသည့်အတွက်ယောက်ျားဖြစ်သူ မှာ မလှိမ့်တစ်ပတ်နဲ့ ရှောင်ထွက်သွားပြီး လွတ်ရာကျွတ်ရာ ထွက်ပြေးလေတော့သည်။

ယာတဲဝန်းကျင် သို့နန်းတပ်စခန်းမှူး အဖွဲ့နှင့် မိုးသောက်ကြယ်တို့ဝင်ရောက် ရှာဖွေကြရာတဲအနီး ကောက်ရိုးပုံအတွင်းမှ ဘိန်းဖြူမှုန့်ပါ ဆပ်ပြာခွက် (၁၉)ခွက် / ၂ ဂရမ်ခန့်စီပါ ကော်ဗူး ၂ ဗူး နှင့်အတူ ငွေစက္ကူရောရာ (၆၀)သိန်းကျပ်တို့တွေ့ရှိရသဖြင့်

ဝါးယူးသာကျေးရွာအုပ်စု ငါးကြေးအင်းကျေးရွာနေ (ဘ)ဦးဖဲမောင်၏ သမီးဖြစ်သူခေါင်းစိမ်း (ခ) ခင်သန်းဦး မှာ နို့စိုအရွယ် ကလေးငယ်အပါအဝင်သားနှစ်ယောက်ကိုခွဲခွါ၍ အကျဉ်းစခန်းရှိရာ ဦးတည်လျှောက်လှမ်းခဲ့ရပါပြီ။

မိန်းမတွေ တကယ်ချစ်ပီဆိုရင် အရာရာကို စွန့်လွှတ်ရဲတဲ့သတ္တိ တကယ်ရှိတယ်ဆိုတာသက်သေပြလိုက်တာပါပဲ

kzw