ပ ရိသတ်တွေရဲ့ အချစ်တော် ချမ်းမြေ့မောင်ချိုကတော့ လတ်တလောမှာ လူမှုကွန်ရက်စာမျက်နှာသုံးစွဲမှုကို ခဏရပ်ဆိုင်းမယ်ဆိုတဲ့ အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ကြေညာခဲ့ပါတယ်။အနုပညာရှင်တစ်ယောက်အနေနဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံလို့ရတဲ့ အလွယ်ကူဆုံးနည်းလမ်းကတော့ Facebook သုံးခြင်းကို ချမ်းမြေ့မောင်ချိုကတော့ ရပ်နားလိုက်တာပဲဖြစ်ပါတယ်။

ပရိသတ်တွေကတော့ အခုလို မောင်ချိုလေး Facebook သုံးခြင်းကို ရပ်နားလိုက်ရတာနဲ့ပတ်သက်လို့ ဘာကြောင့်များရပ်ဆိုင်းတာလဲဆိုတာကို မေးမြန်းနေကြပါသေးတယ်။ချမ်းမြေ့မောင်ချိုကတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ “Facebook ကို ခဏရပ်ဆိုင်းထားမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။”ဆိုတဲ့ စာသားလေးကို တင်ခဲ့ပြီး မိနစ်ပိုင်းမှာတင် သူ့ရဲ့ အကောင့်ကို Deactive လုပ်သွားခဲ့ပါတယ်။

မောင်ချိုလေးရဲ့ ပရိသတ်တွေကတော့ အခုလို မောင်ချိုလေး Facebook သုံးတာကို ခဏတာရပ်နားမယ်ပြောခဲ့တဲ့ အပြင် အကောင့်ပါ Deactive လုပ်သွားခဲ့တာကြောင့် မောင်ချိုလေးဘာများဖြစ်လို့လဲဆိုပြီး ပိုပြီး စိုးရိမ်ခဲ့ကြပါတယ်။CeleGabar ပရိသတ်ကြီးရေ မောင်ချိုလေးတစ်ယောက် ဘာများဖြစ်လို့အကောင့်ပါ Deactiveလုပ်သွားတာပါလိမ့်နော်…

Chilli – CeleGabar
Source – Chanmyae Mgcho