အ ဆိုတော်၊သရုပ်ဆောင်၊ဒါရိုက်တာတစ်ယောက်ဖြစ်သူယုန်လေးကတော့ ဟိုးအရင်အချိန်တွေတုန်းက အဆိုတော်တစ်ယောက်အနေနဲ့ရပ်တည်ခဲ့ပေမယ့် အခုဆိုရင်တော့ သရုပ်ဆောင်၊ဒါရိုက်တာတစ်ယောက်အနေနဲ့ ဇာတ်ကားများစွာရိုက်ကူးပြီး အောင်မြင်မှုရရှိနေသူတစ်ယောက်ပါ။မကြာခင်မှာတော့ ပရိသတ်တွေမျှော်လင့်စောင့်စားနေရတဲ့ သူ့ရဲ့ Original Gangster-3 ဇာတ်ကားကိုလည်းရုံတင်တော့မှာဖြစ်ပါတယ်။

သီ ချင်းတွေပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့ယုန်လေးကတော့ မနက်ဖြန်မှာသူ့ရဲ့သီချင်းအသစ်လေးတစ်ပုဒ်ဖြစ်တဲ့ စိတ်ကူးနဲ့ပဲ သီချင်းလေးကို တင်ပေးသွားမှာပါ။ဂီတဘက်ရော ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ပရိသတ်တွေအမိုက်စားတွေ ချပြဖို့ကြိုးစားရင်း အလုပ်ရှုပ်နေတဲ့ယုန်လေးကတော့ မနေ့ကအမြဲလှုပ်နေတဲ့သူ့ကို မလှုပ်ရအောင်ဖြစ်သွားစေခဲ့တဲ့အကြောင်းတစ်ခုကို မျှဝေခဲ့တာကြောင့် ပရိသတ်တွေကတော့ စိုးရိမ်ခဲ့ကြရတာပါ။မနေ့ကတော့ Forever FC နဲ့ Music United FC တို့ ဘောလုံးကန်ခဲ့ကြပြီး ဒီပွဲမှာတော့ ယုန်လေးက ပေါင်ဒဏ်ရာရခဲ့တဲ့အကြောင်းကို “ချိုင်းထောက်လေးကို ပါကင်ဖောက်..အမြဲလူပ်ရှားနေတဲ့ ကောင်ကို လူပ်လို့မရအောင်ဖြစ်တာတော်တော် ဆိုးတာပဲ . ခြေထောက်ထိတာနဲ့ ချက်ချင်းအပူချိန်တက်လာတယ် .အလုပ်တွေအားလုံးက နောက်ရွေ့လို့မရတဲ့ အလုပ်တွေမတတ်နိုင်ဘူးလေ” ဆိုပြီးရေးသားခဲ့ပါတယ်။

ပရိသတ်ကြီးရေ အမြဲတက်ကြွပျော်ရွှင်နေပြီး ဆန်းသစ်တဲ့အနုပညာတွေကို ပရိသတ်တွေကိုချပြဖို့ကြိုးစားနေတဲ့ ယုန်လေးကတော့ မနေ့ကဘောလုံးပွဲမှာ ကစားရင်းပေါင်ဒဏ်ရာရခဲ့တာကြောင့် ချိုင်းထောက်အသုံးပြုနေရတဲ့အကြောင်းကို ပရိသတ်တွေကိုမျှဝေခဲ့တာဖြစ်ပါတယ်။ယုန်လေးတစ်ယောက် ဒဏ်ရာတွေမြန်မြန်ပျောက်ပြီး အလုပ်တွေပြန်လည်လုပ်ကိုင်နိုင်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source – Yone Lay
Rainbow- Cele Gabar