က်ေ န်ာကိုယ်တိုင်လည်း အရပ်သားဘဝကမီးလောင်တိုင်း မကြာခဏကြားနေကျပါဟုတ်ပြီ စလိုက်ကြရအောင်ခင်ဗျားတို့အတွက်တော့ အကြောင်းပြချက်တစ်ခုဖြစ်ကောင်း ဖြစ်နိုင်လိမ့်မယ်မီးလောင်တယ် မီးဆိုတာဥုံဖွ ဝုန်းဒိုင်းဆိုပြီး ချက်ချင်းထလောင်တာမဟုတ်ပါဘူး(ဆီဆိုင်; ဂတ်စ်ဆိုင်;Chemical ချွင်းချက်)

Wait What မင်းဘာကိုဆိုလိုချင်တာလဲ?မေးခဲ့ရင်ဟုတ်ကဲ့ အဖြေက ရှင်းပါတယ်မီးဆိုတာ လက်ဖဝါးစာတစ်ခုကနေစဖြစ်လာတာပါဥပမာဗျာ ခင်ဗျားက ခုဒီစာဖတ်နေချိန်ဖုန်းအားသွင်းထားနေတယ် (ဥပမာနော်)အဲ့အချိန်ခင်ဗျားက အိမ်သာသွားမယ်ခင်ဗျား အိမ်သာက ပြန်လာတဲ့အချိန်ပလပ်ခုံက ရှောခ့်ဖြစ်ပြီးမီးလောင်နေမယ်ခင်ဗျား ဘာလုပ်မလဲ?”ဟာ မင်းတို့ဆီဖုန်းဆက်မာပေါ့ဟ ”လို့ပြောလာခဲ့ရင်ကျနော်တို့က ပြန်ပြောမာ ဟဟပဲရမယ်ခဗျတစ်ကယ်ကြုံလာကြည့် ခင်ဗျားအရင်ငြိမ်းမယ်

ရေနဲ့ဖြစ်စေ အဝတ်စနဲ့ဖြစ်စေ ဒါလူတိုင်းပဲ”မဟုတ်ဘူးကွ ငါက တာဝန်သိ”တာဝန်သိဆိုတဲ့စကားကိုတော့မပြောပါနဲ့ခဗျားတို့ကိုယ်တွေ့မကြုံသေးလို့ပါခဗျားငြိမ်းမယ် ခဗျားမနိုင်ရင်ခဗျားအိမ်ကလူတွေနဲ့ငြိမ်းမယ်

ငြိမ်းလို့မနိုင်တော့ဘူးရက်ကွက်ကို အကူအညီတောင်းမယ်ဟော ရောက်လာပါပြီရေပုံးကြီးတွေဆွဲ အုပ်စုလိုက်ကြီးတက်လာတဲ့ရပ်ကွက်အတွင်းရှိသက်ကြီးရွယ်အိုကလေးများအပေါင်းသူတို့နဲ့ငြိမ်းလို့မနိုင်မှ ကျုပ်တို့ဆီသတင်းရောက်တာပါ

“ဟျောင့်ရာ ဒီမီးလေးဒီရက်ကွက်ကလူတွေနဲ့ငြိမ်းတာမီးအဲ့လောက်ထိကြီးမလားကွာ?”ဟုတ် အိမ်တစ်လုံးရဲ့မီးလောင်ချိန်ကပျမ်းမျှ၂မိနစ်ပဲရှိတယ်ခဗျ (တစ်ကယ်ကြောက်စရာ)

အို ကုန်ကုန်ပြောမယ်ဗျာဒီအိမ်ဒီနေရာ ဒီအချိန်မီးလောင်မယ်ဆိုတာခဗျားကြိုသိခဲ့ရင် ကျုပ်တို့ဆီလာပြောကျနော်တို့ ရုံးက ထမင်းချိုင့်ထုတ်ပြီးအဲ့လောင်မဲ့အိမ်ရှေ့မှာ တစ်နေကုန်လာစောင့်ပေးမယ်တစ်အိမ်လုံးနီးပါးလောင်နေမှ မီးသတ်ကိုဖုန်းဆက်ပြီး ခုချက်ချင်းရောက်စေချင်ရအောင်မြန်မာနိုင်ငံမီးသတ်ကြီးကစူပါမန်းနဲ့ ပါဝါရိန်းဂျားအနီကောင်တွေလည်းမဟုတ်

မီးသတင်းရတာနဲ့ မီးသတ်စခန်းကကားထွက်ချိန်က မီးသတ်ရဲဘော်စောင့်ချိန်ကစက္ကန့် ၃၀ပဲကြာပါတယ်ဗျ အမြန်တကာ့အမြန်ဆုံးကားမောင်းပါတယ် အလွန်ဆုံးကြာ ၃မိနစ်ဗျ(မီးသတ်ရုံးနဲ့ဝေးလံတဲ့ဒေသများမပြောလို)

နောက်တစ်ခု ယာဉ်ကြောကျပ်ချင်းအောက်ကပုံကိုသေချာကြည့်ပါမီးသတ်ကားသာအသက်ရှိရင်လိပ်ခေါင်းထွက်မယ့်ဖြစ်ခြင်းသူ့ခမျာ ငယ်သံပါအောင် အော်နေရရှာတာကိုလမ်းဖယ်မပေးဘူး(တစ်ခါတစ်လေရှိတယ် မောင်မင်းကြီးသားများမီးပွိုင့်မှာစောင့်နေရင် အခုမှစည်းကမ်းတွေသိပ်ရှိပြီးမီ်းပွိုင့်မဖြတ်ဘူး ဘာလို့လဲမေးကြည့်တော့ဟိုမှကြည့်လေ မီးနီနေတယ် ခဏစောင့်တဲ့)

မီးနီလို့ ခဗျားကစောင့်နေတုန်းအနောက်က မီးသတ်ကားအရေးတကြီးလာရင်ခဗျားတို့က ဘေးဘယ်ညာ ယာဉ်ကြောကိုကြည့်ပါမီးသတ်ကားဥသြသံကြားရင်တစ်ဖက်ယာဉ်ကြောကလည်းရပ်ပါတယ်အဲ့တော့ခဗျားကကြည့်ပါရှင်းပြီဆို မီးပွိုင်ကိုဖြတ်ပါ ပြီးမှဘေးချရပ်ပါခဗျားနောက်မှာ လာနေတာမီးသတ်ကား ကထိန်လှည့်နေတဲ့ကားမဟုတ်ဘူး

ဒါကြောင့် မီးသတ်ကားလာရင်ပြိုင်မမောင်းပါနဲ့ ဘေးကပ်ရပ်ပါထိပ်ကပိတ်မမောင်းပါနဲ့ဥသြဆွဲလာတဲ့ မီးသတ်ကားရဲ့ဦးတည်ရာကနိုင်ငံတော်ရဲ့အခွန်ဘဏ္ဍာနိုင်ငံ့ပြည်သူ အိုးအိမ်နဲ့အသက်တွေဆီကိုပါကူညီပါခဗျားလမ်းဘေးချရပ်လိုက်တာနဲ့ခဗျားဟာ ယူနီဖောင်းမဝတ်ရပဲ နိုင်ငံတော်ရဲ့အုပ်တစ်ချပ်သဲတပွင့် နိုင်ငံသားကောင်းဖြစ်သွားပါပြီ

ဖုန်းဆက်ပါ ဒီဘက်ခေတ်မှာမီးသတ်စခန်းရဲ့ဖုန်းနံပါတ်ကိုမသိကြတာများပါတယ်အလွယ်လေးပါ 191 ပါContact ရဲ့ fav မှာမှတ်ထားပါOoredoo mpt telenor နဲ့ဖုန်းခေါ်ရင်ခင်ဗျားနဲ့အနီးဆုံးမီးသတ်စခန်းဆီ ဖုန်းဝင်မှာပါ(Mytelနဲ့ဆက်ရင်တော့ ရန်ကုန်ပဲရောက်မာပါ)

မီးတောက်သေးသေးလေးကတည်းကဖုန်းဆက်ပါတရားမဆွဲပါဘူး မဖမ်းပါဘူးကူညီကြပါ ကူညီကြပါကျနော်တို့ကူညီကြပါအသံကုန်ဟစ်နေတာကျနော်တို့အတွက်မဟုတ်ပါဘူးခင်ဗျားတို့တွေအတွက်ကျနော်တို့အကူအညီပြန်တောင်းခံနေတာပါ

ကူညီခြင်းဖြင့် မိမိနေထိုင်ရာရက်ကွက်နှင့်နိုင်ငံတော်ကိုအကျိုးပြုနိုင်ကြပါစေ🙏

Crd

Chan Nyein