ပရိ သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ခင်လေးနွယ်ဟာ ချစ်သူရှိနေပြီဆိုကာ သူမရဲ့ ချစ်သူကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တာဟာ သိပ်မကြာသေးပါဘူး။ သူမ ရဲ့ချစ်သူဟာ ငယ်သူငယ်ချင်းဖြစ်ပြီး သူမအပေါ်ကို သိပ်ချစ်တဲ့ ချစ်သူတစ်ဦး ဆိုကာပြောပြခဲ့တာဘဲဖြစ်ပါတယ်။

ယခုအခါမှာလဲ သူမက ဒီဇင်ဘာမှာ မင်္ဂလာဆောင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် မင်္ဂလာမဆောင်ဖြစ်ခဲ့တဲ့အကြောင်းအရင်းကိုလဲ ခုလိုလေးပြောပြလာရင်း အရမ်းလှတဲ့ကျွန်းလေး ကိုလဲ မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ “မှတ်မှတ်ရရ October လ ကစလို့ ဘဝ တစ်ဆစ်ချိုး အခက်ခဲပေါင်းများစွာနဲ့ အစပြုခဲ့ရတဲ့ ဘဝခရီးလမ်းလေး….December မှာ မင်္ဂလာဆောင်မယ်လို့ ရည်ရွယ်ခဲ့ပေမယ့် အဲ့ဒီချိန်မှာ လှိုင်ဂူကျွန်းလေး အစပြုဖို့အတွက် နေ့မအား ညမအားနဲ့ တောထဲမှာပဲ အချိန်ကုန်ခဲ့တဲ့ သူရယ်…”

“မထင်မှတ်ထားတဲ့ ဒုက္ခတွေနဲ့တွေ့လာတဲ့အခါအိမ်ထောင်ပြုဖို့တွေဝေလာတဲ့ ကျမ…တစ်ယောက်ကိုတစ်ယောက် အားပေးရင်းနဲ့ ဒီလကုန် March လဆိုရင် လှိုင်ဂူကျွန်းလေးကို စဖွင့်နိုင်တော့မယ်။ အခက်ခဲဖြစ်နေတဲ့အချိန်မှာ ဒုက္ခတူတူခံပြီး ဝိုင်းဝန်းလုပ်ကိုင်ခဲ့ကြတဲ့ ရဲဘော်တွေ…”

“ဒုက္ခရောက်တဲ့ချိန်မှာ မိသားစု စိတ်ဓါတ်နဲ့ အလုပ်လုပ်လာကြတာ ဝမ်းသာစရာပါ..ဒီလို လုပ်ဖြစ်လာအောင် တွန်းအားပေးတဲ့ အယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်…ယုံယုံကြည်ကြည်နဲ့ ဒီကျွန်းလေးကို ကိုယ့်စိတ်တိုင်းကျ လုပ်ခွင့်ပေးတဲ့ ကျွန်းပိုင်ရှင်တွေကိုလဲ ကျေးဇူးတင်ပါတယ်…”

“ခုဆိုရင် ဘာပဲ လုပ်လုပ် ၂ ယောက်စလုံးက ဘုရားတရားလေးလဲ အရမ်းရှိလာပြီ…ဘုရားကိုလဲ ပိုအားကိုးပြီး ပိုချစ်တတ်လာတယ်….အဲ့ဒါကတော့ ဘဝအတွက် အကြီးမားဆုံး ပျော်ရွှင်ခြင်းပဲ ကျွန်းလေးဖွင့်ရင် လာလည်ကြပါလို့ ဖိတ်ခေါ်ပါတယ်ရှင့်” လို့ဆိုကာ ရေးသားခဲ့ပါတယ်။

ချစ်ပရိသတ်တွေအတွက် သူမရဲ့ လှိုင်ဂူကျွန်းလေးကို လေ့လာနိုင်စေဖို့အတွက် ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်တွေသဘောကြမယ်လို့ထင်ပါတယ်။

Credit