အေ ကာင်းမွန်ဆုံးသော ကလဲ့စား…”
ဖြစ်ရပ်မှန်လေးတစ်ခုကို ဗဟုသုတအနေနဲ့ (သို့) သင်ခန်းစာယူနိုင်ရန် တင်ပြပေးခြင်းပါ။
တခါတုန်းက တနေရာစီကွဲနေကြပြီး အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ရှိကြတယ်။သူတို့နှစ်ယောက်ဟာ တစ်ဦးကိုတစ်ဦးအရမ်းချစ်ကြတယ်လေ …. နှစ်နာရီတစ်ခါ ဖုန်းနဲ့ဖြစ်စေ (message) နဲ့ဖြစ်စေ အွန်လိုင်းပေါ်ကဖြစ်စေ အဆက်အသွယ်အမြဲရှိနေခဲ့ကြပါတယ်။တစ်ဦးကိုတစ်ဦးလည်းနားလည်ပေးခြင်းများစွာနဲ့ပေါ့။
ဒါပေမယ့် တနေ့မှာတော့ ……သူတို့ချစ်သူနှစ်ဦးရဲ့ကြားထဲကို မမျှော်လင့်ပဲ မုန်တိုင်းတစ်ခုဝင်လာပါတော့တယ်… အဲဒီ့ မုန်တိုင်းကို ဖန်တီးလိုက်သူကတော့ ကောင်မလေးပါပဲ …သူမက အွန်လိုင်းပေါ်မှာ လာကြူတဲ့ကောင်လေးတစ်ယောက်ကို စချင်နောက်ချင်တဲ့စိတ်နဲ့ ပြန်ကြူလိုက်မိရာကနေ ဇာတ်လမ်းကလေးဖြစ်သွားတာပါ။
ကောင်မလေးဟာ တဖြည်းဖြည်း ဒုတိယ ရည်းစား ကောင်လေးအပေါ်မှာ စိတ်ဝင်စားမှုပိုပိုလာခဲ့ပါတယ်။သူမရဲ့ ငယ်ရွယ်မှု(မရင့်ကျတ်သေးတဲ့စိတ်)ကလည်း ဒါကိုအားပေးနေခဲ့တာပါ။ ဒီလိုနဲ့ ကောင်မလေးဟာ ကောင်လေးအပေါ်မှာ ဆက်ဆံမှုတွေက တဖြည်းဖြည်း သွေးအေးလာခဲ့ပါတော့တယ်။ ကောင်လေးကလည်း ချက်ချင်းဆိုသလို ရိပ်မိတာပါပဲ။
ဒါပေမယ့် သူနားလည်ပေးလိုက်ပါတယ်။ သူမပျော်နေတာကိုကြည့်ရင်း သူလည်းပျော်ရွှင်နေခဲ့မိပါတယ် …(ရင်ထဲမှာတော့ ငိုကြွေးနေမှာပေါ့လေ) … ဒီလိုနဲ့ တနေ့မှာတော့……ကောင်မလေးက အွန်လိုင်းပေါ်မှာရော (message box) မှာရော ပျောက် နေခဲ့ပါတော့တယ်။ ဖုန်းဆက်တော့လည်း ပိတ်ထားတယ်တဲ့။
ကောင်လေးအရမ်းစိတ်ပူနေပြီ။အဝေးရောက်နေတဲ့ ချစ်သူနဲ့ တနေကုန်အဆက်အသွယ်မရတာလဲ ဒါ…ပထမဆုံးအကြိမ်!!! သူစဉ်းစားမိတာလေးတစ်ခုရှိတာနဲ့ ကောင်မလေး အကောင့်ကို ဟတ်ကာတစ်ယာက်အကူအညီနဲ့ (password) ရအောင်ယူထားလိုက်တယ်။
ညရောက်တော့ ကောင်မလေး အွန်လိုင်းပေါ်တက်လာခဲ့ပါတယ်။ သူမ အဖွားဆေးရုံတက်ရလို့ သူမ ဖုန်းပိတ်ပြီးဆေးရုံစောင့်ရကြောင်းပြောပြတောင်းပန်ပါတယ်။ ကောင်လေးလဲ ဘာမှမဖြစ်သလို ဟန်ဆောင်နေပေးလိုက်ပြီး သူမချက်ဘောက်ထဲ ဝင်စစ်ကြည့်တော့တယ်။
အဲဒီမှာ ကောင်မလေးက သူနဲ့ ပြောနေရင်းက လင်းမြတ်ဆိုတဲ့တခြားကောင်လေးနဲ့လည်း ပြောနေတာကိုတွေ့ရပါတယ်။ အရင်ပြောနေတာတွေပြန်စစ်လိုက်တော့ ဒီနေ့သူတို့ချိန်းထားတာကို တွေ့ပါလေရော …. ။ ကောင်လေးလဲ ဘာမှမပြောသေးပဲ ဆက်ဟန်ဆောင်နေလိုက်တယ်။ အဲဒီမှာ ကောင်မလေးနဲ့ လင်းမြတ်နဲ့ ဆက်ပြောနေတာတွေ တွေ့ရတော့ ကောင်လေးခေါင်းတွေအကြီးကြီးဖြစ်သွားရပါတော့တယ်။
သူတို့ဒီနေ့ချိန်းတွေ့ရင်း ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကောင်လေးသိလိုက်ရတာကိုး။ကောင်လေး စာဆက်ဖတ်နိုင်တဲ့ အင်အားမရှိတော့သလို မတ်တပ်ရပ်နိုင်စွမ်းတောင် မရှိတော့ဘူး။ မျက်ရည်များနဲ့ဝေဝါးနေတဲ့ မျက်လုံးတွေကို စွတ်ပိတ်ထားလိုက်ရပါတော့တယ်။သူ့ဘဝအတွက် အဲဒီအခိုက်အတန့်ဟာ ကမ္ဘာပျက်သွားသလို အရာအားလုံးလဲ ပျောက်ဆုံးသွားခဲ့တာပါ။
ကောင်လေးဟာ အားတင်းပြီး သူငယ်ချင်း ဟက်ကာကိုအကူအညီလှမ်းတောင်းလိုက်ပါတယ် ။ လင်းမြတ်ရဲ့ အကောင့် (password) ကို ယူပေးဖို့ပါ။ သူငယ်ချင်းအကူ အညီနဲ့(password) ရတာနဲ့ ကောင်လေးက လင်းမြတ်ရဲ့ အကောင့်ထဲကိုဝင်ကြည့်လိုက်တယ်။ ဘုရား….ဘုရား !!!! ကောင်လေး တကယ်ဘုရား တသွားရတော့တယ် …..
လင်းမြတ်က လူပွေလူရှုပ်တစ်ယောက်ဆိုတာ သူသိလိုက်ရလို့ပါပဲ။ သူအမျိုးမျိုးစဉ်းစားရပါတော့တယ်။ သူမကိုစွန့်လွှတ်နိုင်သလား?မေးလိုက်တာနဲ့ သူ့ နှလုံးသားတွေ နာကျင်စွာ ခေါင်းယမ်းပြပါတယ်။ သူဆုံးဖြတ်ချက်တခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်ပြီး ကောင်မလေးရှိတဲ့ မြို့ကို ထွက်ခွာခဲ့ပါတော့တယ်။ကောင်လေးက လင်းမြတ်အကောင့်နဲ့ ကောင်မလေးကိုဆက်သွယ်လိုက်ပြီး ဟိုတယ်တစ်ခုရဲ့ အခန်းနံပါတ်တစ်ခုမှာ ချိန်းဆိုလိုက်တယ်။
ကောင်မလေးကလာမယ်ပြောပြီး (out) သွားချိန်မှာပဲ သူပို့ထားတဲ့ ခြေရာလက်ရာတွေဖျက်ပြီး ကောင်မလေးအကောင့်ထဲဝင် ကောင်မလေးဟန်နဲ့ လင်းမြတ်ကိုလည်း အဲဒီနေရာအဲဒီ အခန်းကိုပဲ ချိန်းဆိုလိုက်ပါတယ်။ ချိန်းဆိုထားတဲ့အချိန်ရောက်တော့ ……ကောင်လေးက အခန်းထဲမှာပဲ ပုန်းအောင်းနေခဲ့တယ်။ လင်းမြတ်က အရင်ရောက်လာခဲ့ပြီး ငါးမိနစ်လောက်အကြာမှာ ကောင်မလေးရောက်လာခဲ့တယ် ။
သူတို့ ချစ်တင်းနှောနေချိန်မှာပဲ ကောင်လေးက ပုန်းနေရာကထွက်လာလိုက်ပါတော့တယ်။ သူ့လက်ထဲမှာတော့ စာချုပ်တစ်စောင်ရယ် ဖုန်းတစ်လုံးရယ်ကိုင်လို့။လင်းမြတ်နဲ့ကောင်မလေးအံ့အားသင့်နေချိန်မှာပဲ … ကောင်လေးကပြောလိုက်ပါတယ်။
“ဒီမှာလင်းမြတ် သူမကငါ့ချစ်သူဆိုပေမယ့် ……မင်းနဲ့လွန်ကျူးသွားပြီဖြစ်တဲ့အတွက် မင်းလက်ထပ်ပါ !!!
” ငါသူ့မိဘတွေနဲ့ လူကြီးတွေကို ဖုန်းဆက်ထားပြီးပြီ…… မင်းတို့ တရားရုံးမှာ တစ်ခါတည်း စာချုပ်ချုပ်သွားပါလို့ပြောလိုက်တယ်။အဲဒီမှာ လင်းမြတ်က ငြင်းပါတော့တယ် ။သူလက်မထပ်နိုင်ဘူး ဘာညာပေါ့။
ဒါပေမယ့် ကောင်လေးက အမှန်တကယ်ဖုန်းဆက်ပီးအကြောင်းကြားထားတာမို့…ခဏအတွင်းမှာပဲ …အခန်းတံခါးခေါက်သံတွေ နဲ့အတူ ကောင်မလေးမိဘများနဲ့ ရက်ကွက်လူကြီးတွေရောက်လာခဲ့ပါတော့တယ်။ လင်းမြတ်လဲ ငြင်းလို့မရတော့ပဲ ကောင်မလေးကို လက်ထပ်လိုက်ရပါတော့တယ်။ ကောင်မလေးကတော့ … ရှက်တာရော ကြောက်တာရောကြောင့် ဘာတစ်ခုမှမပြောတော့ပဲ ခေါင်းသာငုံ့နေတော့တယ် ……။
ကောင်လေးက ကောင်မလေးကိုကြည့်ပြီး မျက်ရည်တွေကြားက စကားတစ်ခွန်းပြောလိုက်ပါတော့တယ်……။
“သစ္စာမရှိတဲ့ နင့်ကို သစ္စာမဲ့သူလက်ထဲ ထည့်ပေးလိုက်တာ ငါ့ရဲ့ အကြီးဆုံးလက်စားခြေခြင်းပဲ” တဲ့ ”
ဒီဇာတ်လမ်းထဲကလိုပဲ ……တစ်ခါတစ်ခါ ကိုယ်ကချစ်သလောက် ကိုယ့်အပေါ် မကောင်းတဲ့ သူတစ်ယောက်ကို ဘယ်လောက်ချစ်ချစ် ………လက်စားမချေတောင် အနည်းဆုံးတော့ စွန့်လွှတ်ဖို့ သတ္တိရှိရမယ် !!! နာကျင်ပေမဲ့လည်း ကိုယ့်နှလုံးသားကို အားပေးရမယ် ……သူတောင် ကိုယ့်အတွက် ထည့်မတွက်ပဲ လုပ်ရက်ခဲ့သေးတာပဲ ….။
ဒါ့ကြောင့် “သစ္စာမရှိတဲ့ သူ့ကို သစ္စာမဲ့တဲ့သူလက်ထဲ ထည့်ပေးလိုက်တာ” သူကိုယ့်အပေါ် လုပ်ရက်ခဲ့တာတွေထက်စာရင် တရားပါသေးတယ် ….။
“အားလုံးကိုလေးစာလျှက် … ..။”Thi Ha