ဝေဖန် တိုက်ခိုက်မှုတွေကို မကြာခဏ ခံရတတ်ပြီ သူ့ရဲ့ ပွင့်လင်းတဲ့စတိုင်အတိုင်း သူရဲ့ထင်မြင်ချက်တွေကို ပရိသတ်တွေနဲ့ ဝေမျှဆွေးနွေးလေ့ရှိသူတစ်ဦး ဖြစ်တဲ့ ရွှေအိမ်စည်ကတော့ ဗိုင်းကောင်းကျောက်ပိ မဟုတ်ပေမယ့် သူများဘဲကို i miss u လို့လိုက်မပြောဘူးဆိုတဲ့အကြောင်းကို “ဗိုင်းကောင်းကျောက်ပိမ ဟုတ်ပေမယ့် ethic တော့ရှိတယ်။ ဘေးနားဘဲထားပြီး i miss u လို့ သူများဘဲတွေ ကိုလိုက်ပြောနေမယ့်အထဲမှာ ကျွန်မ မပါနေဘူး” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ရွှေအိမ်စည် ဟာ Miss Supranational Myanmar ( 2018 ) မှာ Winner ဆုကိုရရှိခဲ့တဲ့ အလှမယ်တစ်ဦးပါ ။ယောကျာ်းလေးတွေသာမက မိန်းကလေးချင်းကပါအားပေးချစ်ခင်ခြင်းခံရတဲ့ အလှမယ်လေးတစ်ဦးဖြစ်တဲ့အပြင် အိမ်စည့်မျက်နှာပေါက်ဟာ နိုင်ငံခြားသူမျက်နှာပေါက်မျိုးဖြစ်ပြီး ယုံကြည်ရဲရင့်ကာ သွက်လက်လွန်းတဲ့ သူလေးလို့ ဆိုရမှာပါ။ ငယ်ငယ်တည်းကနိုင်ငံခြားမှာနေခဲ့တဲ့သူ ဖြစ်တာကြောင့် လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေရတာ နှစ်သက်တဲ့သူလေးလို့လည်း သိရပါတယ်။ခပ်မိုက်မိုက်နဲ့ Strong ဖြစ်တဲ့ အိမ်စည်ရဲ့ သရုပ်ဆောင်ချက်တွေကို ချစ်တဲ့ပရိသတ်တွေကလည်း မျှော်လင့်စောင့်စားနေ ကြတာလို့ ပြောရမှာပါ။ဒီနှစ်အတွင်းမှာလည်း အိမ်စည်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားတွေ ရှိလာတာကြောင့် မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာပါပဲနော်။

ပရိသတ်ကြီး နိုင်ငံခြားသူမျက်နှာပေါက်မျိုးနဲ့ ယုံကြည်ရဲရင့်ကာ သွက်လက်လွန်းတဲ့ ရွှေအိမ်စည်ဟာ လက်ရှိမှာတော့ “မာယာရထားမောင်းတဲ့ မိန်းမ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ရဲရင့်အောင်၊ ထက်ထက်မိုးဦး၊အိချောပို ၊နန်းဆုဦးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။

Source: Shwe Eain Si,CRD-Cele Gabar