ကမ္ဘာကျော် တင်းနစ် အားကစားမယ် Maria Sharapova ကတော့ တင်းနစ်လောကကို ကျောခိုင်းအနားယူလိုက်ပါပြီ။တင်းနစ် လောကနေ အနားယူတဲ့ အကြောင်းကိုတော့ ဖေဖော်ဝါရီ (၂၆)ရက်နေ့ကမှ ကြေညာလိုက်တာပါ။Vog ue and Vanity Fair ရဲ့ ဆောင်းပါးမှာ သူမအ နားယူမယ့် အ ကြောင်းကို ပြောလိုက်တာပါ။ရုရှားတင်းနစ်မယ်လေးကတော့ (၁၉၈၇)ခုနှစ် ဧပြီ (၁၉) ရက်နေ့ မှာ မွေးဖွား ခဲ့တာပါ။

သူမရဲ့ အသက် (၃၂)နှစ်မှာတော့ တင်းနစ် လောက ကနေ အနားယူလိုက်တာပါ။(၂၀၁၄) Grand Slam ပြိုင်ပွဲ ကတော့ သူမ နောက် ဆုံး အနိုင်ရခဲ့တဲ့ ပွဲပါ။နောက်ဆုံး ထွက်ပေါ် ခဲ့တာကတော့ (၂၀၂၀)Australian Open ပြိုင်ပွဲ ပါ။အဲ့ဒီပွဲမှာတော့ Donna Vekić ကို ပထမ Round မှာပဲ ရှုံးနိမ့်ခဲ့ပါတယ်။သူမရဲ့ အနားယူတဲ့ ဆောင်းပါးမှာတော့ တင်းနစ် လောက ကို အပြီးတိုင် နှုတ်ဆက်တဲ့ အကြောင်းတွေကို အခုလို ဖော်ပြ ထားပါတယ်။သူမရဲ့ IG မှာလည်း တင်းနစ် လောက အတွက် နှုတ်ဆက် Post တင်ထားပါတယ်။

တင်းနစ် အားကစားအတွက် ကျ မရဲ့ ဘ၀ ကြီး တစ်ခု လုံးကို ပေးထားခဲ့တယ်။တင်းနစ်က ကျမ ကို ဘ၀ တစ်ခု ပြန်ပေးတယ်။ကျ မ နေ့တိုင်း သတိရ နေမှာပါ။ကျမရဲ့ Training ၊ ကျ မ နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊အာရုဏ်ဦးမှာ ထရတာ၊ဘယ်ခြေ ပြီးတော့ ညာ ခြေ ကို ဖိနပ်ကြိုးချည် ခဲ့တာ၊ကျမရဲ့ ပထမဆုံး တင်းနစ် ဘောနဲ့ မထိ ခင်မှာ တင်းနစ်ကွင်း ဂိတ် တံခါး ပိတ်တာတွေ အားလုံးကို အမြဲ အမှတ်ရ နေမှာပါ။ကျမရဲ့ အသင်းကိုလည်း လွမ်း နေမှာပါ။ကျမရဲ့ နည်းပြ တွေ ကိုလဲ လွမ်းနေမှာပါ။

ကျမရဲ့ အဖေ နဲ့ အတူ လေ့ကျင့်ကွင်းက ခုံတန်းလျားမှာ ထိုင်နေခဲ့တဲ့ အခိုက်အတန့် လေးတွေ ကိုလည်း ကျ မ အမြဲ သတိရ နေမှာပါ။နိုင် နိုင်၊ရှုံးရှုံး လက်ဆွဲနှုတ်ဆက်တာ၊သိသိ မသိသိ ကစားသမား အချင်းချင်း လက်ဆွဲနှုတ် ဆက်တာ၊သိသိ မသိသိ ကျမ ကို အကောင်းဆုံး တွန်းတင် ပေးခဲ့တဲ့ သူတွေကို ကျေးဇူး တင် ပါတယ်..” ဆိုပြီး Maria Sharapova က ပြောခဲ့ပါတယ်။

Grand Slam Winner အဖြစ် ငါးကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးတဲ့ Maria Sharapova ကတော့ အသက် (၇)နှစ်သမီး အရွယ်တည်းက အမေရိကန် ပြည်ထောင်စု ဖ လော်ရီ ဒါ ပြည်နယ်ကို ပြောင်းရွှေ့ လာခဲ့တာပါ။Professional တင်းနစ် ကစားမယ် ဖြစ်ခွင့်ရ ရေး အတွက် Training ဆင်းခဲ့ပါတယ်။(၂၀၀၄)ခုနှစ် သူမ အသက် (၁၇)နှစ်မှာတော့ S erena Williams ကို အနိုင်ရပြီး သူမ ဘ၀ ရဲ့ ပထမ ဆုံး သော Grand Slam ကို ရခဲ့ပါတယ်။ကမ္ဘာ့ အဆင့် ကိုတော့ သူမရဲ့ Wimbledon Title နဲ့ အတူ (၂၀၀၅)မှာ ပထမဆုံး အကြိမ် တက်လှမ်းနိုင်ခဲ့တာပါ။French Open မှာ နှစ်ဆု၊Australian Open မှာ တစ်ဆု ၊US Open title တို့ ရခဲ့တာပါ။Sharapova ကတော့ သူမရဲ့ ပြိုင်ဖက်ကြီး Williams နဲ့ grand slam final ပြိုင်ပွဲ သုံးပွဲမှာ ရင်ဆိုင်ပြီး ရှုံးနိမ့်ခဲ့ဖူးပါတယ်။(၂၀၁၆) မှာ တော့ Australian Open မှာ တားမြစ် ဆေး meldonium ကို သုံးစွဲ ထားတယ်လို့ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ အစ ပိုင်းတုန်းကတော့ နှစ်နှစ် ပိတ်ပင် ခံခဲ့ ရပေမယ့် နောက်ပိုင်းမှာတော့ (၁၅)လ ဆိုပြီး ပြန် ဖြေ လျော့ ပေးခဲ့ပါတယ်။

Credit-CeleChannel