ပ ရိတ်သတ်ကြီးရေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မင်းသမီး နန်းစုရတီစိုး ဟာ သူများရည်းစားကို စနိုက်ကျော် ပါတယ်ဆိုတဲ့ သတင်းများ ဖေစ့်ဘွတ်စာမျက်နှာများမှာနာမည်ကြီးနေခဲ့တာသိပြီးသားဖြစ်မှာပါနော်။ဒီသတင်းတွေနဲ့ပတ်သတ်ပြီး နန်းစု ဘက်နေ မနေ့ကမီဒီယာများနှင့်တွေ့ဆုံစဉ်မှာဖြေရှင်းသွားခဲ့ပါတယ်။

နန်းစု က”ဒီသတင်းနှင့်ပတ်သတ်လို့ လုံးဝမဟုတ်ပါဘူး။ခရီးကနေပြန်လာတဲ့အချိန်မှာသိပေမဲ့ နန်းစုမဟုတ်တော့ဝင်မဖြေရှင်းလိုက်ဘူး။ဒါကြောင့်ပိုဆိုးပြီးသို့လော..သို‌လောဖြစ်သွားတာပါ။

နန်းစုကိုယ်တိုင်လည်း ကိုယ့်ရည်းစားကို အဲ့လိုလုပ်သွားမယ်ဆိုရင်မကြိုက်သလို သူများရည်းစားကိုလည်း အဲ့လိုလုပ်မှာမဟုတ်ပါဘူး။Relationship တစ်ခုချိတ်မယ်ဆိုရင်သူဖက်ကိုယ်ဖက် အရင်အကြောင်းတွေသေချာစုံစမ်းပြီးမှလုပ်မှာပါ နန်းစုမိဘတွေကလည်း မလုပ်မှန်းယုံကြည်တော့ ဘာမှမဖြစ်ကြပါဘူး။နန်းစုအကြောင်းသိတဲ့သူတွေကလည်း မလုပ်ဘူးဆိုတာသိကြပါတယ်။အဲ့လိုမလုပ်မှန်းသိပြီးယုံကြည်စွာနဲ့ နန်းစုဘက်ကနေဖြေရှင်းပေးကြတဲ့ ချစ်ပရိတ်သတ်တွေကိုလည်းကျေးဇူးတင်ပါတယ်။တစ်ယောက်ခြင်းစီတိုင်းကိုလည်းမှတ်ထားပါတယ်လို့ဖြေရှင်းထားပါတယ်နော်။

မကြာမီမှာတော့ တေးရေးကိုဝေကြီးရေးထားတဲ့ သီချင်းသစ်တစ်ပုဒ်ထွက်ဖို့‌ရှိနေပါတယ်လို့ထပ်မံပြောထားပါတယ်။လက်ရှိအချစ်‌ရေးကတော့ “မုန်တိုင်းပြီးရင်တော့လေပြည်” ရောက်လာမှာပါတဲ့..ကဲ..ပရိတ်သတ်ကြီးရေ နန်းစု ကသူများရည်းစားကို စနိုက်ကျော်မလုပ်ဘူးဆိုတာယုံကြည်လိုက်တော့နော်…။

Credit-CeleChannel