နိုင် ငံကျော်မင်းသမီးချော မေပန်းချီကတော့ လူလည်ကောင်တွေကိုကြောက်လို့ ရည်စားမထားတဲ့အကြောင်းကို “ကျွန်မလား ရည်းစားမထားတာ လူလည်ကောင်တွေကိုကြောက်လို့ တကယ်တော့ ခါချနေရတယ် သိဖို့” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ခေတ်နဲ့အညီဝတ်စားတတ်တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပြီး အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းအလှတွေ နဲ့ တည်ငြိမ်ရင့်ကျက်တဲ့ မျက်နှာထား လေးကိုပိုင်ဆိုင်ထားတဲ့ မေပန်းချီကတော့ ပရိသတ်တွေကြားထဲမှာ နာမည်ရအောင်မြင်နေတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။

မေပန်းချီကတော့ အနုပညာလောကမှာ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။သူကတော့ လှပတဲ့ ကိုယ်လုံးကိုယ်ထည်တွေကြောင့် အမျိုးသားပရိသတ်တွေ ရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အပြင် အနုပညာဘက်မှာလည်း ရရင်ရသလို အချိန်ပေးကြိုးစားအားထုတ်ပါသေးတယ်။ မေပန်းချီကတော့ ရုပ်လေးလည်း လှသလို စိတ်ထားလေးကလည်း လှပတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။သူရဲ့ အနုပညာအလုပ်တွေကနေ ရရှိလာတဲ့ အနုပညာကြေး ချွေးနည်းစာလေးတွေကို စုဆောင်းပြီး အလှူအတန်းတွေကို အမြဲတမ်းလိုလိုပြုလုပ်လေ့ရှိတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်မင်းသမီးချော မေပန်းချီကတော့ လက်ရှိအချိန်အထိ တစ်ကိုယ်တည်းအပျိုကြီးအဖြစ်နေရတာကတော့ လူလည် လူရှုပ်တွေကို ကြောက်လို့ပါတယ်တဲ့နော်။ ပရိသတ်ကြီးရေ မေပန်းချီပြောသလို လူလည်လူရှုပ်တွေ တကယ်ပေါတာလား…

Source: May Panche
Credit- DarDar-CeleGabar